Arc 2.5

2.4K 217 3
                                    

Unicode

ပိုင်လင်လည်းဇာတ်လိုက်မရဲ့ရှုံ့တွသွားတဲ့မျက်နှာကိုကြည့်ပြီးစိတ်ထဲအူတက်အောင်ရယ်နေသည်၊သူ့ဘက်ကပြောပေးတဲ့ဇာတ်လိုက်ကြောင့်ရင်ထဲကြည်နူးမိသည်၊

White ကတော့တစက္ကန့်တခါပြောင်းလဲတတ်တဲ့hostကြောင့်လက်နှစ်ဖက်မြောက်ပစ်ချင်စိတ်ပင်ပေါ်လာသည်
"hostရေမတ်တပ်ရပ်သေမနေနဲ့ဦးကိုယ့်ကိုယ်ကိုလဲမိတ်ဆက်အုန်းမှပေါ့"
whiteရဲ့သတိပေးမှုကြောင့်ပိုင်လင်လည်းရှက်မိသလိုဖြစ်သွားသည်

ထန်ရိမင်ကတော့ကောင်လေးရဲ့အတွေးထဲနစ်နေပုံကြည့်ပြီးအူယားနေမိသည်၊နောက်မှမျက်နှာနီသွားပြီးရှက်သွားတဲပုံစံလေးမှာကိုက်စားချင်သရာကောင်းလှသည်

"ကျွန်တော်ကပိုင်လင်ပါ၊မိဘမဲ့တယောက်အိမ်ဆိုတဲ့နေရာလည်းမရှိဘူး၊အလုပ်ကတော့ကြုံရာကျဘမ်းပေါ့"

"hostရဲ့မိတ်ဆက်မှုကအရမ်းရှည်တာပဲhostမောနေအုန်းမယ်whiteရေခပ်ပေးမယ်လေ"
"မင်းဘာသိလို့လဲwhiteရာငါ့အကြောင်းကိုတိုတိုပြောလေကောင်းလေမဟုတ်ရင်ဇာတ်လိုက်မကငါ့အကြောင်းစုံစမ်းရင်ဘယ်လိုလုပ်မလဲ"
"hostပြောတာလည်းဟုတ်တာပဲ"
"အဲ့ဒါကြောင့်မင်းကိုခေါင်းသုံးလို့ပြောတာပေါ့"
"white ဆိုဖဲ့ဖို့ပဲသိတဲ့host ဟွင့်စကားမပြောတော့ဘူး"
စိတ်ကောက်ပြီးline offသွားတဲ့whiteကိုကြည့်ပြီးရယ်ချင်လာသည်၊ဒါပေမဲ့ဇာတ်လိုက်တို့နဲ့စကားပြောနေရတာကြောင့်ရယ်ချင်တာကိုအောင့်ထားလိုက်ရသည်

ထန်ရိမင်မှာကောင်လေးရဲ့အကြောင်းကိုကြားပြီးနောက်ရင်ထဲနာကျင်ရသည်၊ကောင်လေးရဲ့ဘဝကအရမ်းခက်ခဲခဲ့တာကိုသိလိုက်ရသည်၊ငယ်ငယ်ကတည်းကမိဘမရှိဘဲကိုယ်ခြေထောက်ရပ်ခဲ့ရတဲ့ကောင်လေးရဲ့ဘဝကြမ်းတမ်းခဲ့မှာကိုစဥ်းစားမိပြီးနာကျင်မိသည်

ချန်မိန်ချင်းမှာထန်ရိမင်နဲ့မတူဘဲအရမ်းကိုကျေနပ်မိသည်၊ဒီလိုအောက်တန်းစားကောင်ကဒီထက်ဆိုးတဲ့ဘဝကိုပိုင်ဆိုင်သင့်သည်

"နေတောင်ဝင်တော့မယ်ကျွန်တော်တို့ဒီညနားဖို့နေရာအရင်ရှာကြရအောင်"
"အဲ့လိုလုပ်ကြတာပေါ့"
ချန်မိန်ချင်းမှာဟိုအောက်တန်းစားကောင်ရဲ့စကားတွေကြောင့်
"ဒီမှာပဲနားလို့မရဘူးလား
ထန်ရိမင်ကောညီမအခုခြေထောက်တွေအရမ်းနာနေပြီ"
ထန်ရိမင်ကတော့မတုံ့ဆိုင်းဘဲ
"ကောင်လေးသဘောဘဲကောင်လေးကိုမေးကြည့်လိုက်"
ချန်မိန်ချင်းမှာထန်ရိမင်ရဲ့စကားကြောင်ဒေါသအရမ်းထွက်လာသည်
"ဘာလို့အဲ့လိုအောက်တန်းစားကောင်ကိုမေးရမှာလဲသူလိုကောင်ကဘယ်နေရာမှာအရေးပါလို့လားအကိုထန်ရိ"
ချန်မိန်ချင်းရဲ့စကားကြောင့်ထန်ရိမင်မှာအလွန်ဒေါသထွက်သွားသည်
"ငါမင်းကိုပြောမယ်ချန်မိန်ချင်းမင်းမှာသူ့ကိုအဲ့လိုပြောဖို့အရည်အချင်းမရှိဘူးကောင်လေးကငါတို့အသက်ကိုကယ်ထားတာမင်းရဲ့အသက်သခင်ကျေးဇူးရှင်ဆိုလဲမမှားဘူးဒီလိုစကားမျိုးပြောရဲတဲ့မင်းကမှအောက်တန်းစားကွ
ပြီးတော့မင်းကိုငါတို့နဲ့အတူလိုက်နေဖို့အတင်းမတောင်းဆိုထားဘူးမင်းမကျေနပ်ရင်မင်းကြိုက်တဲ့နေရာကြိုက်သလိုသွားလို့ရတယ်"

System WhiteWhere stories live. Discover now