Arc 1.10

3.1K 260 2
                                    

Unicode

လရောင်လည်းဇာတ်လိုက်မကိုပြောချင်ရာပြောပြီးလမ်းမှာပစ်ထားခဲ့သည်၊ဂုဏ်ရောင်းကားနဲ့ကျောင်းကိုပြန်သွားသည်

ကားပေါ်ရောက်တော့ဂုဏ်ရောင်ကို ဘာ ပြာရမှန်းမသိဖြစ်နေသည်၊ဒီလိုမှန်းသိရင်သူ့ကားပေါ်မလိုက်လာပါဘူး၊ဟုတ်သေးပါဘူးသူခေါ်တာမှမဟုတ်တာငါကပဲဇာတ်လိုက်ကိုလက်ဆွဲပြီးကားပေါ်တင်ခဲ့တာမဟုတ်လား

အားးးး ရှက်လိုက်တာ၊ငါဘယ်လိုစပြောရမှာလဲ၊ခုနက အထင်လွှဲသလိုဖြစ်သွားတာပါလို့ပြောရမလား၊ဒါမှမဟုတ် ခုနကငါပြောတာကိုမေ့လိုက်တော့လိုပြောရမှာလား

ဟာကွာဒီအခြေအနေကြီးကဘယ်လိုကြီးလဲ

ဂုဏ်ရောင်မှာလည်းလရောင်ဆွဲရာနောက်လာလိုက်ပြီးဘယ်လိုဖြစ်သွားမှန်းမသိဖြစ်နေတယ်
ခုနကလရောင်ပြောသလိုသူတို့ကရည်းစားတွေဖြစ်နေပြီလား ဂုဏ်ရောင်မှာသူ့ကောင်လေးရဲ့ဝန်ခံမှုမှာအရမ်းပျော်ရွှင်နေမိတယ်၊အိမ်မက်တော့မဟုတ်ဘူးမလား

"ခုနကပြောတာတကယ်လား"
လရောင်မှာဂုဏ်ရောင်အသံကြောင့်ခန္ဓာကိုယ ်မှာထောင့်တင်းမိသွားသည်

"မဟုတ်ဘူးအဲ့ဒါက ဘယ်လိုပြောရမလဲ ဒီတိုင်း.."
ဝေ့လည်ကြောင်ပတ်လုပ်နေတဲ့ကောင်လေးကိုဂုဏ်ရောင်ရင်ခွင်ထဲထည့်လိုက်ပြီး
"ကောင်လေးပြောပြီးသားစကားကိုတာဝန်ယူရမှာနော်"
"ဘာတွေလာပြောနေတာလဲ ဖယ်ဗျာ"
"မဖယ်ဘူးကိုယ့်ကိုပြော ကိုယ်တို့ရဲ့ခုအခြေအနေကဘာလဲ"
"သူငယ်ချင်းလေ"
"ဘယ်လို ဒါဆိုဘယ်မှသွားဖို့မစဥ်းစားတော့နဲ့ကိုယ့်ရင်ခွင်ထဲမှာပဲနေတော့"
"မဟုတ်ဘူးကျောင်းသွားရတော့မယ်လေဗျာ လွတ်လို့"

လရောင်မှာအတင်းတွန်းသော်လည်းဂုဏ်ရောင်ရင်ဘက်မှာကျောက်တောင်ကြီးလိုရွှေ့မရဖြစ်နေသည်၊နောက်ဆုံးတော့လည်းသဘောထားကြီးတဲ့သူပဲအလျော့ပေးလိုက်ရသည်

"ရည်းစားတွေဗျာ ကျေနပ်ပြီလား လွှတ်တော့"

နှုတ်ခမ်းတထော်ထော်နဲ့ရန်တွေ့နေတဲ့‌ေးကာင်လေးကိုစိတ်မထိန်းနိုင်ဘဲငုံ့နမ်းလိုက်သည်၊နှုတ်ခမ်းသားလေးမှာနူးအိနေပြီးစတော်ဘယ်ရီအနံ့လေးသင်းနေသည်

System WhiteWhere stories live. Discover now