Arc 3.11(final)

1K 69 5
                                    

Unicode

Noahမှာအရင်ကမင်းသားလေးလိုနေခဲ့ရပေမဲ့ခုတော့နေ့ရက်တိုင်းကသူ့အတွက်ခက်ခဲနေတယ်။တစ်နေ့တစ်နေ့အမေ့ဖဲအကြွေးကိုဆပ်လိုက်အဖေ့အရက်ဖို့ရှာပေးလို့အိမ်ရဲ့တာဝန်မှန်သမျှသူ့ပခုံးပေါ်မှာပဲစုပုံနေတယ်

တစ်နေ့တစ်နေ့အရက်တွေပဲသောက်ပြီးလောကကြီးကိုလက်လျှော့လိုက်‌ပြီးဘာအလုပ်မှမလုပ်တော့တဲ့အဖေ့ကိုလည်းမုန်းတယ်။ဖဲ‌တွေပဲရိုက်ပြီးမိခင်တာဝန်မကျေတဲ့အမေ့ကိုလည်းမုန်းတယ်။ကိုယ့်ချစ်သူကကိုယ့်အပေါ်လေးစားမှုမရှိသစ္စာမရှိဘဲ‌ပိုက်ဆံနောက်လိုက်သွားပြီးချမ်းသာတဲ့omegaသူဌေးသား‌နဲ့စေ့စပ်ကြောင်းလမ်းသွားတဲ့သူ့ချစ်သူကိုလည်းမုန်းသည်။သူအမုန်းဆုံးကတော့သူ့ဘဝကိုဒီလိုဖြစ်စေတဲ့Lucasကိုပင်
။သူအားလုံးကိုမုန်းတယ်။အားလုံးကိုဖျက်ဆီးချင်တယ်။ဒါပေမဲ့သူ့မှာဖျက်စီးဖို့ဘာအင်အားမှမရှိဘူး။သူဘယ်လိုလုပ်မှဒီလိုနာကျင်ရတဲ့ဝဋ်ကြွေးကနေလွှတ်မြောက်မှာလဲ။ဘယ်ကနေစမှားသွားတာလဲ

Noahမှာတွေးရင်းထောင့်လေးနားမှာရှိုက်ငိုနေပုံမှာဘေးနားမှာရှိလူတိုင်းကိုကာကွယ်ပေးချင်စိတ်တဖွားဖွားပေါ်လာရတယ်

Noahရှိုက်ငိုနေရင်းရှည်းလျားပြီးသန်မာဟန်ရှိတဲ့လက်မှာNoahရှေ့ပေါ်လာပြီး
"အဆင်ပြေရဲ့လား ကလေးလေး"
Noahမှာသူ့ရှေ့ရှိလူကသူ့အကူညီလိုနေချိန်မှာပေါ်လာတဲ့နတ်သားလိုမျိုးလင်းလက်နေတယ်။Noahရဲ့မျက်လုံးများမှာနီရဲနေပြီးဒီလူကိုယုံကြည်လို့ရတယ်လို့ကိုယ့်စိတ်ကပြောနေသလိုမျိုးခံစားရတယ်။သူ့ရှေ့ကလူကိုကြည့်ပြီးရှက်ပြုံးပြုံးလေးပြုံးလိုက်ကာအဆင်ပြေကောင်းပြောလိုက်သည်

Noahဒီသူစိမ်းနဲ့အတူတူလိုက်နေပြီးနောက်ပိုင်းသူအပေါ်ခံစားချက်တွေပေါက်ဖွားလာတယ်။သိပ်မကြာသေးပေမဲ့ဖူးစာလိုမျိုးခံစားရတယ်။ကံ‌ေကာင်း‌ထောက်မစွာနဲ့Liamကသူ့ကိုအမှတ်သားမလုပ်သေးပေ။အဲ့တော့သူ့ကိုရင်ခုန်မိတာသူ့အပြစ်မဟုတ်ပေ။Liamကသူ့ကိုသစ္စာဖောက်လို့သူ့နောက်တစ်ယောက်ကိုအားကိုးရင်ခုန်မိတာမမှားပေ။ဒါပေမဲ့Liamကိုသူခွင့်မလွှတ်ပေ။သူ့ကိုဒီလိုသစ္စာဖောက်သွားတဲ့သူကိုဒီတိုင်းမထားနိုင်ဘူးပြန်လက်စားချေပြမယ်။ခုသူ့မှာနောက်ခံအင်အားရှိသွားပြီ
အဲ့လူကြီးမင်းကြောင့်ပေါ့။Noahမှာအဲ့လူကြီးမင်းအကြောင်းတွေးရင်းရင်တွေခုန်လာပြီးမျက်ဝန်းမှာနူးညံ့မှုတွေနဲ့တောက်ပနေတယ်။
Lucasမှာဇာတ်လိုက်တို့အခြေနေကိုကြားပြီးအံ့ဩသွားရသည်ည်
[အဲ့တော့ဇာတ်လိုက်ကသစ္စာဖောက်တော့ဇာတ်လိုက်မကနောက်ဘဲရသွားပြီပေါ့ အဲ့လောက်တောင်မြန်တာလား]
Whiteကတော့ပျင်းရိစွာနဲ့
[တကယ်တော့ဇာတ်လိုက်ကသူ့အမေနဲ့အပေးအယူလုပ်ထားတာပါဇာတ်လိုက်မကသူ့ကိုလွယ်လွယ်နဲ့မစွန့်ပစ်ွန့်ပစ်ဘူးပေါ့]
[Wowဇာတ်လိုက်အတွက်တော့ကြေကွဲလုလင်ပေါ့။ဇာတ်လိုက်မကရောဘာဖြစ်သွားပြီလဲ]

System WhiteWhere stories live. Discover now