Arc 2.9

1.7K 171 15
                                    

Unicode

ထန်ရိမင်ဟာသူ့ကောင်လေးရှိတဲ့ဆီကိုအပြေးလေးသွားပါတော့တယ်၊အစေခံတွေကိုလည်းညစာအတွက်မှာခဲ့တယ်၊ကောင်လေးဆီရောက်သွားတဲ့အခါကောင်လေးဟာပြတင်းပေါက်နားမှာထိုင်နေပြီးလမင်းကြီးကိုကြည့်နေတဲ့ကော‌ေင်လးကိုတွေ့လိုက်သည်

လရောင်ကိုကြည့်နေတဲ့ကောင်လေးမှာအထီးကျန်နေသလိုလွမ်းဆွတ်နေတဲ့ခံစားချက်ပေးနေသည်၊ကောင်လေးကိုကြည့်နေရင်းသူ့ရင်ဘက်ထဲမှာသူ့ကိုစွဲစွဲမြဲမြဲသာမဖမ်းထားရင်ထွက်သွားတော့မှာလို့ခံစားနေရသည်၊

ထန်ရိမင်လည်းကောင်လေးရှိရာဆီသွားလိုက်ပြီးကောင်လေးလည်တိုင်နားဆီးငုံ့လိုက်ပြီး
"ကောင်လေး."

လုပ်စရာဘာမှမရှိလို့ပိုင်လင်လည်းမိုးကောင်းကင်ကလမင်းကိုကြည့်နေလိုက်တော့သည်၊စိတ်ထဲမှာလည်း ဘယ်တော့မှရှေးခေတ်ကမ္ဘာဆီမကူးပြောင်းခိုင်းပါနဲ့လို့whiteကိုတောင်ဆိုနေတော့သည်၊

ရှေးခေတ်ကဖုန်းလဲမရှိ၊tvလဲမရှိ စိတ်ဝင်စားစရာဆိုလို့သူ့လူကြီးပဲရှိသည်၊သူအတွေးလွန်နေတုန်းသူ့လည်တိုင်နားမှာအသက်ရှုထုတ်လိုက်တဲ့လေငွေ့ကြောင့်သူလန့်သွားသည်

နောက်တော့သူ့လူကြီးရဲ့အက်ရှရှအသံကြောင့်သူ့ရင်ဘက်မှာထူးဆန်းသလိုနှလုံးခုန်နှုန်းတွေလဲမြန်လာသလိုခံစားရသည်

သူလှည့်ကြည့်လိုက်တော့ထန်ရိမင်လဲသူ့ဘက်ကိုလှည့်လာလိုက်တော့နှုတ်ခမ်းချင်းထိမိသွားသည်၊ထန်ရိမင်လည်းကောင်လေးရဲ့စတောဘယ်ရီအနံ့လေးမှာသူ့အပိုင်လို့ခံစားနေရသည်

ပိုင်လင်လည်းထန်ရိမင်ရင်ဘက်ကိုလက်နဲ့တွန်းလိုက်ပြီးသူနှုတ်ခမ်းကိုလက်နဲ့အုပ်လိုက်သည်၊ပိုင်လင်ရဲ့မျက်လုံးတွေမှာအံ့သြခြင်း၊ရှက်ရွံ့ခြင်းတွေနဲ့ထန်ရိမင်ကိုကြည့်နေမိသည်

ထန်ရိမင်လည်းကောင်လေးရဲ့ပုံစံလေးကိုကြည့်ပြီးအသည်းယားလာသည်၊ထန်ရိမင်လည်းရှေ့တစ်လှမ်းတိုးပြီးကောင်လေးရဲ့ခါးကိုဖက်လိုက်သည်၊ကောင်လေးရဲ့မျက်နှာကိုအသာလေးကိုင်လိုက်ပြီးနှုတ်ခမ်းလေးကိုနမ်းလိုက်သည်၊

System WhiteWhere stories live. Discover now