Arc 3.9

1K 90 16
                                    

Unicode

Lucasအခန်းပြန်ရောက်တော့အရင်မူလကိုယ်ရဲ့အကြောင်းတွေပြန်လည်စဥ်းစားနေသည်၊မူလပိုင်ရှင်ဟာငယ်ငယ်ကသူ့အဖေကသူ့ကိုချစ်မြတ်နိုးခဲ့သည်နောက်တော့သူ့အမေနဲ့သူ့အကိုကြောင့်သူ့အဖေနဲ့တဖြည်းဖြည်းဝေးကွာသွားသည်၊
ဇာတ်လိုက်မဟာမွေးကတည်းကသူ့အဖေနဲ့သူ့အမေရဲ့ချစ်ခြင်းကိုသူတစ်ယောက်တည်းရချင်သည်၊ပတ်ဝန်းကျင်နှင့်လူတိုင်းရဲ့ချစ်ခြင်းကိုလည်းသူတစ်ယောက်တည်းပိုင်ဆိုင်ချင်သည်၊ဘယ်ကမ္ဘာမှာဖြစ်ဖြစ်ဇာတ်လိုက်တွေကကမ္ဘာကြီးကသူတို့ကိုဗဟိုပြုပြီးလည်ပတ်တယ်လို့ထင်နေကြတဲ့အရူးတွေပင်၊ဂရုစိုက်မှုနဲ့ချစ်ခြင်းကိုလည်းသူတို့ပဲပိုင်ဆိုင်ချင်တဲ့အရူးတွေဆိုတာLucasနားလည်သည်

ဒါပေမဲ့Lucasရဲ့အမေကသူ၁၂နှစ်သားအရွယ်မှာကတည်းကသူ့ကိုကြည့်တဲ့အကြည့်တွေဟာပြောင်းလဲလာသည်၊Lucasအဖွားဆီတစ်ခေါက်သွားတုန်းကသူ့အဖွားကမျက်ရည်တွေနဲ့သူရဲ့မျက်နှာကိုကိုင်ပြီး သား
ဆိုပြီးခေါ်ဖူးတယ်၊အဲ့အချိန်ကတည်းကLucasအမေဟာသူ့ကိုအဖွားဆီဘယ်တော့မှခေါ်မသွားတော့ပေ၊အဖွားဆုံးသွားသည့်အချိန်ထိပင်

အရာအားလုံးကိုဆက်စပ်တွေးပြီးနောက်Lucasအဖြေတစ်ခုရလာသည်၊အရာအားလုံးရဲ့အဖြေကLucasရဲ့မျက်နှာပင်
[Hidden missionဖွင့်ပါပြီ၊ဒီခန္ဓာကိုယ်နဲ့Mrs.Johnကြားကလျို့ဝှက်ချက်ကိုရှာဖွေပါpoint 25]
[နည်းလွန်းတယ်]
[နည်းလည်းရှာရမှာပါhost]
[ပျင်းစရာကောင်းလိုက်တာ]
[hostသတင်းစာရှင်းလင်းပွဲမှာအားလုံးဖော်ထုတ်လို့ရတယ်လေhost]
|[ဒါမှနည်းနည်းရင်ခုန်ဖို့ကောင်းတာ]
'သူများကိုယုတ်မာဖို့ဆိုရင်တော်တော်ကိုတက်ကြွလွန်းတဲ့host'
Lucasလည်းကွန်ပျူတာပေါ်လက်တွေပြေးလွှားပြီးနောက်နောက်ဆုံးLucasပြုံးလိုက်သည်

Lucasဖုန်းcall listထဲကထိပ်ဆုံးတစ်ခုကိုနှိပ်လိုက်သည်
"အကူညီတစ်ခုတောင်းစရာရှိလို့"
နောက်နေ့မနက်မှာLucasအားအင်အပြည့်နဲ့နိုးလာသည်၊သူအောက်ထပ်ကိုဆင်းတော့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးစိတ်ပူနေဟန်ရှိတဲ့သူ့မိသားစုကိုတွေရသည်၊Lucasတစ်ချက်ပြုံးလိုက်ပြီးဝင်ထိုင်လိုက်သည်
သူရောက်လာတော့နဲ့Mrs.Johnမှာတစ်ခါမပေးဖူးတဲ့မိဘမေတ္တာအတုအယောင်တွေကိုအစွမ်းကုန်ပေးနေတယ်၊
"သားနိုးလာပြီလား၊အမေတို့ကသားလာမှာကိုစောင့်နေတာတူတူစားရအောင်လေ"
Lucasမှာမျက်ဝန်းကိုအောက်သို့နှိမ့်ချလိုက်ပြီး
"သားမနေ့ညကအိပ်မပျော်လို့ပါ သတင်းစာရှင်းလင်းပွဲအကြောင်းတွေးမိလို့ပါ၊သားမလုပ်ခဲ့တဲ့အမှားတွေကိုလိမ်ညာဝန်ခံရင်ပြစ်မှုမြောက်တယ်မလား၊အဲ့ဒါအားလုံးကိုလိမ်ညာတာပဲမလား"
Lucasအသံမှာတဖြည်းဖြည်းတုန်လာပြီး
"အားလုံးအမှန်းတရားသိလိုက်ရင်အကိုနဲ့ဖေတို့မေတို့လူတွေကကျိန်ဆဲကြမှာကျွန်တော့်ကိုဖိအားပေးဝန်ခံအောင်လုပ်တယ်လို့"
တစ်မိသားစုလုံးမှာLucasစကားကြောင့်တွေဝေထိတ်လန့်သွားတော့သည်၊Mrs.Johnမှာကြောက်လန့်သွားပေမဲ့စိတ်ကိုတင်းကာ
"သားရယ်ဒါတွေကိုအမေတို့မိသားစုကလွဲရင်ဘယ်သူမှမသိတော့စိုးရိမ်စရာမလိုပါဘူး၊ဒီကိစ္စတွေပြီးသွားရင်လဲအမေတို့ကသားကိုမစွန့်လွှတ်ပါဘူး၊သားရဲ့အကိုအတွက်ဒီတစ်ကြိမ်ပဲလိုက်လျောပေးပါ"
Lucasမှာနီရဲသောမျက်ဝန်းတွေနဲ့သူ့အမေကိုစိုက်ကြည့်ပြီး
"ကျွန်တော်နားလည်ပါပြီ"
ထမင်းစားဝိုင်းကတိတ်ဆိတ်သွားပေမဲ့Mrs.Johnမှာဝမ်သားသွားရသည်၊သူ့ရဲ့သားNoahအတွက်စိတ်အေးနိုင်သွားပြီ
"မနက်ဖြန်သတင်းစားရှင်းလင်းပွဲအတွက်ပြင်ဆင်ထားလိုက်တော့"
Mr.Johnပြောလိုက်ပြီးထမင်းစားဝိုင်းထဲမှထွက်ခွာသွားတယ်
Lucasလည်းအခန်းပြန်သွားပြီးသူ့လူကြီးဆီဖုန်းဆက်ပြီးအလွမ်းသယ်နေလိုက်သည်၊ဒီကိစ္စတွေဖြေရှင်းပြီးသွားရင်သူ့လူကြီးနဲ့ကမ္ဘာအနှံ့လျှောက်လည်ဖို့ကတိတွေပေးထားကြသည်

System WhiteWhere stories live. Discover now