Unicode
လက်ဖျံမှ သွေးများ တစိမ့်စိမ့် ထွက်လာသောကြောင့် ဘုန်းဘေဘီ ကြောင်ပြီး ကြည့်နေမိတယ် ။
"ဘုန်းဘေဘီ "
အရင်တုန်းကလည်း သု့လက်ထဲမှာ ဒီကလေးလေး ဒဏ်ရာအကြီးအကျယ်ရပြီးအသက်ဆုံးရှုံးရတော့မလိုဖြစ်သွားတာမလား ။
အဲ့ဒီအချိန်တုန်းကဆို ဘုန်းဘေဘီ ရူးမတတ်ဖြစ်သွားရတာ ရင်ခွင်ထဲက သုံးနှစ်သားလေးကို
ကြည့်ပြီးတော့လေ။" ဘုန်းဘေဘီ "
နှစ်ခါတောင် လေ ကံကောင်းလို့ ဘာမှမဖြစ်သွားတာ ။
သွေးတွေနဲ့ ပေကျံနေတဲ့ မျက်နှာနုနုလေးကိုပြန်မြင်ယောင်လာတာမို့လက်တွေပါတုန်ရီလာသည်။
" ခင်ဗျား ဘာဖြစ်နေတာလဲ "
သူဘယ်လောက်ခေါ်ခေါ် ဘုန်းဘေဘီက မကြားတဲ့အပြင် သွေးထွက်နေတဲ့လက်ဖျံကိုသာစိုက်
ကြည့်ပြီးမျက်လုံးတွေကလည်း ဂဏာမငြိမ်ဖြစ်ကာ လက်တွေတုန်ရီလာတယ်။အခြေနေကဘာမှန်းမသိ၍ Leo ထိုင်ရာမှထကာ ဘုန်းဘေဘီ ဘေးနား အမြန်ရွှေ့ထိုင်လိုက်ရသည်။
"ဘာဖြစ်လို့လဲ ကျုပ် ဘာမှ မဖြစ်ဘူး ဘုန်းဘေဘီ !!! "
ပြန်မဖြေလာ ဘုန်းဘေဘီ ဘာဖြစ်နေတာလဲ ။
" ဘုန်းဘေဘီ !!!!! "
" အမ် ဟမ် ကိုယ် ဘာမှမဖြစ်ဘူး Leo "
နောက်ဆုံး ကြီးမြတ်ကုဋေချီ သူ့ပုခုံးနှစ်ဖက်ကိုအားနဲ့ဆုပ်ကိုင်ကာအော်လိုက်တော့မှ သတိပြန်ဝင်လာတယ်။
" ခင်ဗျား "
" ကိုယ် အခန်းထဲမှာ ဆေးသေတ္တာ သွားယူလိုက်ဦးမယ် Leo အရမ်းနာနေလား ဟင် "
" မနာဘဲ နေမလား ဘုန်းဘေဘီ ခင်ဗျား ပုလင်းကွဲနဲ့ အလှီးခံကြည့်မလား "
ဘုန်းဘေဘီ သက်ပြင်းသာ အသာချရသည်။
" မင်းက လူဆိုးလေးပဲ ကြီးမြတ်ကုဋေချီ "
" အခုမှ ဆိုးတာ မဟုတ်ဘူး ကျုပ်က ငယ်ငယ်ထဲက ဆိုးတာ "
" ဆိုးတာကို ဂုဏ်ယူနေသေးတယ် ကိုယ့်ကို ခဏစောင့် "

YOU ARE READING
Baby of the billionaire
RomanceThe entire story line and character names are just the imagination of the author.