တံခါးခေါက်ပြီးပြီးချင်းမှာပဲ ချက်ချင်းဆိုသလို အယ်လန်က တံခါးလာဖွင့်ပေးတယ်။ရှဲ့ဟယ်ကို မြင်တာနဲ့ချိုသာတဲ့အပြုံးတစ်ခုဆင်မြန်းလိုက်ပြီး....
"ဆရာစုရောက်လာပြီပဲ....အထဲဝင်ပါဉီးလား"
ရှဲ့ဟယ်ကလဲ ပြန်ပြုံးပြလိုက်ပြီး လက်ထဲကအဝတ်အိတ်ကို ပေးလိုက်ပြီး.....
"ကျေးဇူးတင်ပါတယ်"
အယ်လန်ရဲ့နှူတ်ခမ်းထောင့်တွေမြင့်တက်သွားတဲ့အပြင် နီလာရောင်မျက်ဝန်းတွေထဲမှာလဲ လေးနက်တည်ကြည်နေတဲ့အကြည့်တွေဖြစ်ပေါ်လာတယ်။
"ဆရာစုက အရမ်းယဉ်ကျေးတာပဲ...ကျွန်တော့်ကို ကျေးဇူးတင်စကားပြောနေတာ အကြိမ်ပေါင်းမနည်းတော့ဘူး..."
အယ်လန်ရဲ့အကြည့်တွေကြောင့် ရှဲ့ဟယ် ရှို့တို့ရှန်းတန်းဖြစ်သွားတယ်။
"အမ်...ဒါဆိုလဲ ဆရာပြန်တော့မယ်..."
အလျင်စလိုလှည့်ပြန်ဖို့ပြင်လိုက်ချိန်မှာ အခန်းထောင့်မှာ ကျောပေးပြီး ဒူးထောက်နေတဲ့ လူတစ်ယောက်ကိုမြင်လိုက်တာကြောင့် အယ်လန့်ကို လှမ်းကြည့်လိုက်တယ်။ဘာတွေဖြစ်နေကြတာလဲ???
အယ်လန်က စိတ်ဆင်းရဲနေတဲ့အမူအရာမျိုးဖြစ်အောင်ချက်ချင်းပြင်လိုက်ပြီး....
"အိုက်ယား.....ကျွန်တော်ပြန်ရောက်ကတည်းက သူဒီအတိုင်းဒူးထောက်နေတာ...
သူနဲ့စကားပြောမလို့လုပ်တုန်းဆရာရောက်လာတာပဲ..."ရှဲ့ဟယ်က အယ်လန်ကို လေးနက်တဲ့အမူအရာနဲ့ စိုက်ကြည့်လိုက်တယ်။ ထို့နောက် ကျောင်းသားဘက်ကိုလှည့်ပြီးမေးလိုက်တယ်။
“ကျောင်းသား....ဘာဖြစ်လို့ဒီလိုဒူးထောက်နေတာလဲ??"
စိုးရိမ်စိတ်က သူ့မျက်လုံးထဲမှာ ထင်ဟပ်နေတယ်။ အနီးကပ်ကြည့်လိုက်တော့မှ ဒူးထောက်နေတဲ့သူက သူ့တပည့်တွေထဲကတစ်ယောက်ဖြစ်နေမှန်းသိလိုက်ရတယ်။နာမည်က ရှုဝမ်ဟောင် ဆိုလား၊ဘာလားပဲ ဒီကျောင်းသားက မမျှော်လင့်ဘဲ သူ့တပည့်တစ်ယောက်ဖြစ်နေတယ်။ဒီကျောင်းသားက အဆင့်တွေကောင်းတဲ့အတွက် ရှဲ့ဟယ် သတိထားမိနေခြင်းဖြစ်တယ်။

YOU ARE READING
ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြားယောင်းခြင်းနည်းဗျူဟာ
General Fictionဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။