Unicode
ကြီးမြတ်ကုဋေချီကို မျက်နှာချင်း မဆိုင်ရဲသေးတာမို့ ဘုန်းဘေဘီ ခြံထဲမှာ ဆင်းထိုင်နေပြီးဟိုငေးဒီငေးလုပ်နေတုန်း အနားကို နန်းမဟာဖွေး ရောက်လာသည် ။
မျက်နှာက နွမ်းနေပြီး စိတ်အလိုမကျဖြစ်နေတဲ့ ပုံစံမို့ ဖွေး ထိုင်လို့ရအောင် ဘုန်းဘေဘီ ဝါးခုံလေးရဲ့ဘယ်ဘက်ကိုနည်းနည်းရွှေ့ပေးလိုက်တယ်။
" ဘယ်လိုလုပ်လိုက်တာလဲ ဘုန်းဘေဘီ "
သူစိတ်မချမ်းသာရရင် ဘုန်းဘေဘီလည်းစိတ်ဆင်းရဲစေရမယ်။
" ဟမ် ဘာကိုလဲ ဟင် "
အူကြောင်ကြောင်မျက်နှာဘေးနဲ့ မသိသလိုပြန်ဖြေလာသည့် ဘုန်းဘေဘီကြောင့် နန်းမဟာဖွေး ဒေါသတွေကအလိပ်လိုက်ထွက်လာသည်။
" ကုဋေကို ဘယ်လိုတွေများ မြူဆွယ်လိုက်လို့ နင်မှနင် ဖြစ်သွားရတာ လဲ ဘုန်းဘေဘီ ။ နင့်ဆီ ကုဋေ ပါသွားမှာငါကဒီတိုင်းထိုင် ကြည့်နေမယ်များထင်နေလား ။ ငါအစထဲက ပြောပြီးသား ကုဋေကငါ့လူလို့ "
ပုံမှန်စကားပြောရင် ဖွေးလို့သူ့ကိုယ်သူ ပြောနေကြကောင်မလေးက အခု နင်တွေ ငါတွေနဲ့ ပြောကာ သူ့ကို စူးစိုက်ကြည့်လာသည်မို့ ဘုန်းဘေဘီ ကြောင်ပြီး သာ ကြည့်နေမိတယ်။
" ပြောလေ ဘုန်းဘေဘီ ကုဋေ့ကို လွှတ်ပေးပါနော် ဖွေး တောင်းပန်ပါတယ် ။ ဖွေး သူ့ကို ချစ်တယ် ဖွေးကို ညီမလေးအရင်း တစ်ယောက် လို ချစ်တယ်ဆိုရင် ကုဋေ ကို ငြင်းလိုက်နော် "
" ခဏ ခဏ ဖွေး ကျွန်တော် ပြောမယ် ခဏလေး နေဦး ။ လက်ထပ်တဲ့ ကိစ္စကို ကျွန်တော် လည်း ငြင်းလို့ မရဘူး ကြီးမြတ်ကုဋေချီက ဘယ်အလုပ်ပဲလုပ်လုပ် ခြေတစ်လှမ်းကြိုတွေးထားပြီးသား ။ ကျွန်တော် ငြင်းလိုက်ရင် ဘာတွေ ဆက်ဖြစ်သွားမလဲ မသိဘူး ပြီးတော့ နန်းမဟာဖွေး သူ့ကို ချစ်တယ် ဆိုရင် သူ့အချစ်ကိုအရင်ဆုံးရအောင်လုပ်သင့်တယ်လို့ကျွန်တော်ထင်တယ် "
ဘုန်းဘေဘီက တစ်ဖက်သားနဲ့ စကားပြောရင် အေးအေးဆေးဆေးလေးနှင့်သာ ပြောတတ်တာမို့ အခုလည်း လေသံအေအေးနဲ့သာပြောပြီး ဖွေးကို သေချာရှင်းပြလိုက်တယ်။

YOU ARE READING
Baby of the billionaire
RomanceThe entire story line and character names are just the imagination of the author.