Unicode
" အရင်ဆုံး ငယ့်ကို ပြောပြစရာ တစ်ခုရှိတယ် "
သူ့ကို စိတ်ဝင်တစား မော့ကြည့်နေသော ငယ့်အား စိတ်မပူစေရန် ရှေးအာဏာစက် သက်
တောင့် သက်သာ နေပြလိုက်တယ် ။" ပြောလေ ဦးစက် ကျွန်တော် နားထောင်နေပါတယ် "
" ငယ် လန့်တော့ မလန့်သွားနဲ့ ကိုယ်ဆိုးဆိုးဝါးဝါး ဘာမှမဖြစ်တာမို့ "
" ပြောပါ ဦးစက်ရဲ့ ကျွန်တော် မလန့်ပါဘူး "
ဘာများပြောဖို့ပါလဲလို့ ဘုန်းဘေဘီ တွေးမိတယ် ။ ဦးစက်က ဒီလောက်တောင်စကားပုလ္လင်ခံနေတာ။
" အင်း ။ ကိုယ့်ခြေထောက်တွေ အချိန်အတိုင်းတာ တစ်ခု ထိ လမ်းပြန်မလျှောက်နိုင်တော့ဘူး ငယ် "
အံ့သြမှုနှင့်အတူ ဝိုင်းစက်သွားသော ဘုန်းဘေဘီ ၏ မျက်လုံး တစ်စုံ ။
" ဘယ်လို ဦးစက် ကျွန်တော် နားကြားမှားတာလား ။ ဟုတ်လား "
ဘုန်းဘေဘီ တစ်ကယ်ကို လန့်သွားရပါသည် ။ အချိန်အတိုင်းတာတစ်ခုထိ တဲ့ ဦးစက်က လမ်းပြန်မလျှောက်နိုင်တာ ။
" ဟုတ်တယ် ငယ် ။ ကိုယ်ခြေထောက်နှစ်ဖက်လုံးထိခိုက်ထားတယ် "
" ဆရာဝန် ဆရာဝန် တွေနဲ့ မပြဘူးလားဟင် ဦးစက် ။ ဒါမှမဟုတ် နိုင်ငံခြားမှာ သွားမကုဘူးလား "
" မသွားပါဘူး ကိုယ်က အချိန်တန် ပြန်ကောင်းလာမှာပါ ငယ်ရဲ့ "
" ကျွန်တော် တောင်းပန်ပါတယ် ဦးစက် ။ ကျွန်တော့်ကြောင့် ဖြစ်ရတာ "
" ဟုတ်တယ် ငယ့်ကြောင့် ဖြစ်ရတာ ။ ဒါကြောင့် ကိုယ် တောင်းဆိုတာ ဘာပဲဖြစ်ဖြစ် ငယ်လက်ခံရမယ် "
သူ့ရဲ့ ဘာပဲဖြစ်ဖြစ် ဆိုတဲ့ စကားကြောင့် ငယ်က ခဏလောက် ငြိမ်သက်သွားတာကိုရှေးအာဏာစက် သတိထားမိတယ်။
" ကျွန်တော် တတ်နိုင်တာ မှန်သမျှ တောင်းဆိုလို့ ရပါတယ် ဦးစက် "
" ငယ် တတ်နိုင်တာပဲ ကိုယ်တောင်းဆိုမှာပါ "
ဘုန်းဘေဘီ ခေါင်းသာ ငြိမ့်ပြလိုက်သည်။

YOU ARE READING
Baby of the billionaire
RomanceThe entire story line and character names are just the imagination of the author.