🌹4🌹(Part1)

11.8K 2K 598
                                    

"အရသာရှိတာလေးတွေမြင်တာနဲ့
ကလေးလိုပဲ....
နည်းနည်းဟန်ဆောင်အုန်းမှလေ ဂျွန် လို့
ကိုကိုမာန်မဲတိုင်း ကျွန်တော်ရှက်ပြီး
ကိုကို့ကို ပါကိုက်စားခဲ့တာ စူပုတ်ပုတ်ကိုကိုက
ဆန်မုန့်လေးနဲ့တကယ်တူခဲ့လို့ပါဗျာ......"

ဂျွန်.........။

.....................................။

"Jimin ရေ စာကြည့်တိုက်ရှေ့မှာ...မင်းသားလေး
ရောက်နေတယ်.."

စာကြည့်တိုက်တွင်စာအုပ်ထူထူတွေကြား
Jimin ပျောက်နေသည်။
စာလေ့လာနေချိန်တွေတိုင်းဘေးဘီလည်း
အာရုံမရသလို Phသံတွေပါအပြီးတိုးကာ
စာဆ်ိုစာမှာပဲအပြည့်အဝစိတ်ကို
ပုံအပ်ထားတတ်သူမို့ Jimin သည်စာကျက်နေလျှင်
ကမ္ဘာ့အပြင်ရောက်သလိုသူဘာမှမသိတတ်ပါ။

မှင်နီတွေ မှင်ပြာတွေနှင့် ရှုပ်ယှက်ခတ်နေပြီး
မျက်မှန်ကို လက်ညိုးလေးနဲ့ဆွဲဆွဲတင်ကာ
ရသောအချိန်လေးမှာ စီနီယာNamjoon
ကူညီပေးထားသောNoteလေးတွေနှင့်
အတော်အဆင်ပြေနေတာကြောင့်စာကျက်လို့
အလွန်ကောင်းနေပါသည်။

အတန်းဖော်တစ်ယောက်သည် ခုံကိုမတိုးမကျယ်
လေးခေါက်ကာ စာကြည့်တိုက်ထဲမှာမို့
နားနားကပ်လျှက် ပြောသွားသောစကားကြောင့်
ကြိုးစားပမ်းစားအဖြေထုတ်နေသောပုစ္ဆာလေး
ရပ်သွားသည်။

အနွေးထည်ထဲမှဖုန်းကိုအရင်ထုတ်ကာ
ကြည့်လိုက်တော့ဘာမှထူးခြားတာမျိူးမတွေ့။
ဒါပေမယ့်လည်း မဖြစ်တော့ပါ။
သူစာဆက်ကျက်လို့မရတော့သည့်အကြောင်းအရင်း
သည်ရောက်နေပြီမလို့ စာအုပ်တွေကိုပိတ်
လိုက်သည်။

မင်းသားလေးဆိုထဲက HoseokHyungအပြင်
ဘယ်သူမှမရှိနိုင်။Hyung သူ့ကိုကျောင်းထဲ
လာလာတွေ့တိုင်းသူငယ်ချင်းတွေကထိုကဲ့သို့
စနောက်တတ်ကြသည်။
Hyung သည်လည်းမင်းသားရှုံးအောင်ချောလွန်းလှ
တာကို...။

အိတ်ထဲစာအုပ်တွေမြန်မြန်ထည့်လိုက်ကာ
အကျီတွေဘောင်းဘီတွေသေချာစွာ
ပုံချပြီးတဲ့နောက်Jimin စာကြည့်တိုက်ထဲမှ
ထွက်လာလိုက်သည်။

နှင်းဆီ ဒိုင်ယာရီ..🤍Where stories live. Discover now