🌹4🌹(Part2)

12.4K 2.3K 1.1K
                                    

ခြံထဲသို့ ခြေတစ်လှမ်းဝင်လိုက်သည့်အချိန်
တွင်နောက်မှတားဆီးလိုက်သံကြောင့်
Jiminလှည့်ကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲ...."

"ကျွန်တော် ခုထိ ညစာမစားရသေးဘူး
ဗိုက်ဆာနေတာအရမ်းပဲ ဒီနားမှာ
တစ်ခုခုစားလို့ရမယ့်ဆိုင်လေးဖြစ်ဖြစ်
ညွှန်းပေးပါလား...အပြင်မှာအကြာကြီး
ထိုင်ခဲ့ရတော့အရမ်းလည်းအေးနေပြီး
ခေါင်းတွေပါကိုက်လာလို့ပါ..."

နွေရာသီဆိုသော်ငြားအပူပိုင်းနိုင်ငံမဟုတ်
တော့ညတွေသည်အေးနေတတ်တာသဘာဝ။
သူထိုင်ခဲ့ရသောနာရီနှင့်ဖျားပင်ဖျားသွားနိုင်ပါသည်။
ကိုယ်ကသာ HoseokHyungနှင့်ညစာ
ကောင်းကောင်းစားခဲ့၍အဆင်ပြေနေပေမယ့်
သူကတော့ ဆာနေတော့မှာပေါ့။

"နည်းနည်းတော့လှမ်းတယ်...ဒီတန်းတန်းသွား
ပြီး ဘယ်ဘက်လမ်းထဲကွေ့ပြီးလျှောက်သွား
ရင်စားသောက်ဆိုင်ရှိတယ်..."

"လမ်းလျှောက်ရအုန်းမှာပေါ့...."

"လျှောက်ရမှာပေါ့.....နည်းနည်းပါပဲ...."

"ကျေးဇူးပါ....ဒါဆိုကျွန်တော်လက်ကျန်
အင်အားလေးနဲ့မရောက်ရောက်အောင်
ကုတ်ကတ်သွားလိုက်ပါ့မယ်
ဗိုက်ဆာရင် အားတွေနည်းလာတာသိတယ်မလား"

"သိတယ်...အဲ့တာကြောင့်အနီးဆုံးနေရာ
ကိုပြတာ.....အဲ့ဆိုင်ကဝက်သားပဲရတာဒါပေမယ့်
အရမ်းကောင်းတာ ငါကြိုက်တယ်...."

ကလေးလေး၏ မျက်လုံးတွေသည်
ဘယ်ညာမြန်မြန်ရွေ့လျှားသွားပြီးနောက်

"သေပါပြီ ကျွန်တော်ဝက်သားလုံးဝမစားဘူး
မေမေက နတ်သားလေးမို့ မစားခိုင်းဘူး..."

ဘာဆိုင်လို့လဲဟုJimin ကတအံ့တဩကြည့်
တဲ့အခါ ကလေးလေးက ငိုတော့မလို
မျက်နှာနှင့်။မျက်လုံးနှစ်လုံးသာမြင်ရပေမယ့်
Jimin ခန့်မှန်း၍ရနေ၏။

"ဒါပေမယ့် ကိစ္စမရှိပါဘူး ရတယ်...
ကျွန်တော် အဆင်ပြေအောင်ကြည့်စားလိုက်ပါ့မယ်
အဲ့ဆိုင်မပြေတော့လည်းနောက်တစ်ခု
လိုက်ရှာလိုက်မှာပေါ့...ဒါဆိုသွားတော့မယ်နော်
ကောင်းကောင်းကျန်ခဲ့ပါ...."

ကျောပိုးအိတ်လွယ်ကာခါးညွတ်နူတ်ဆက်ပြီး
ထွက်သွားသူသည်ဖြေးဖြေးလေး....။
Jimin သည်အိမ်ထဲမဝင်နိုင်...ကိုယ့်ကိုဒီလောက်
တကူးတကကူညီထားပြီးဒုက္ခရောက်နေတာ
သိသိရက်နဲ့အေးစက်စက်ကြီးထဲခေါင်းကိုက်
နေပါတယ် ဆာလောင်နေပါတယ်ဆိုတာကို
မသိကျိုးနွံပြုကျောခိုင်းခြင်းသည်
အဆင်မပြေမှန်းသိပါသည်။

နှင်းဆီ ဒိုင်ယာရီ..🤍Where stories live. Discover now