🌹15🌹(Part2)

11K 1.8K 1.1K
                                    

ညီလေးဆိုတဲ့ဝေါဟာရသည် ချဉ်ဖတ်
အတွက်အထိနာဆုံးနာမ်စားဖြစ်ကာ
သူတို့အချင်းချင်းပင် မစနောက်ရန်
သတိပေးထားရသည်။

ညီလေးဆိုတဲ့အသံကြားသည်နှင့်ချဉ်ဖတ်၏
တုံ့ပြန်မှုတွေသည်အလွန်မြန်ဆန်ကာ
စိတ်ကိုမထိန်းချူပ်နိုင်။ကြိုက်သလိုသူ
အသဲကွဲနေခြင်းအားဝေဖန်လို့ရပါ၏။
သူဘာမှပြောလိမ့်မည်မဟုတ်။

ညီလေး ကတော့ ချွင်းချက်ဖြစ်ကာ
ကြားရသည်နှင့် ဗုံးထပေါက်သလို
သူမဟားတရားစိတ်ဆိုးတတ်ပါသည်။

SamJimin က မချစ်နိုင်ဘူးဟုငြင်းခဲ့ရင်တောင်
တော်ပါသေးသည်။
ညီလေး ခေါင်းစဉ်ကြီးတပ်ချလိုက်တာသည်
သူဘယ်သူကိုမှထုတ်မပြောခဲ့ပေမယ့်
အနာကျင်ရဆုံးသောအပိုင်း။

ချဉ်ဖတ်လေး၏ မျက်လုံးတွေမီးဝင်းဝင်း
တောက်သွားကာ လေပေခွေခေါက်နေရာ
ထောင့်မှ ဝုန်းခနဲထထွက်လျှက်
ညီလေး ဆိုသူအား ပြေးထိုးတော့သည်။

"ညီလေး ချင် အုန်း!!!!"

လဲကျသွားတဲ့အပေါ်တက်ခွကာ
နောက်တစ်ချက်ထပ်ထိုးလိုက်ချိန်တွင်
အောက်ကလူသည် ဗလ၏ဒဏ်ကိုမခံနိုင်၍
သတိပင်လစ်မတတ်။

အထိုးခံရသူ၏လူတွေသည်သူတို့လူ
ထိပြီဖြစ်၍ချက်ချင်းအားလုံးထလာကြတော့သည်။
TaeHyungတို့သည်လည်းလက်သီးတွေ
အမြန်ဆုံးပြင်လိုက်ရကာမမျှော်လင့်ထားသော
ရန်ပွဲတစ်ခုစတင်ကာဂိုဏ်းနှစ်ဂိုဏ်းသည်
Gameဆိုင်ထဲတွင် စထိုးကြတော့သည်။

"ငါ့ကို နောက်တစ်ခါ ညီလေးလို့ထပ်ခေါ်ရင်
သွားတွေကိုတစ်ချောင်းချင်းနှုတ်ပစ်မယ်
မင်းတို့ကောင်တွေ အဲ့လိုသတ်မှတ်ခံရဖူးမှ
အဲ့ဒီနာကျင်မှုကိုသိမှာ..."

အောက်လူသည်မခေသူမို့ ချဉ်ဖတ်လေး
ကိုဆွဲလှဲကာပြန်ထိုးရန်ကြိုးစားသည်။
အလစ်အငိုက်တွင်ကလေးလေးအောက်ပြန်
ရောက်သွားကာ လက်သီးကိုရှောင်ဖို့ခက်သွားသည်။

TaeHyungသည်သူ့ကိုလာထိုးသောတစ်ဖက်
ရန်သူနဲ့အားပါးတရရန်သတ်နေတုန်း
ချဉ်ဖတ်ကိုလှမ်းကြည့်လိုက်ချ်ိန်တွင်
အောက်ရောက်နေကာ အချူပ်ခံထားရပြီး
ရုန်းနိုင်တဲ့ပုံမပေါ်။ထိုလက်သီးသာမိကြည့်
ဆွေမျိုးမေ့သွားနိုင်တာကြောင့်သူငယ်ချင်းကို
ကယ်တင်ဖို့လိုပါ၏။ပြိုင်ဘက်ကိုဆောင့်ကန်လိုက်ကာ
ကုလားကားတွေထဲကခေါင်းဆောင်မင်းသားတွေလို
ဟန်ပန်ဖြင့်...ပြေးလာပြီးနောက်

နှင်းဆီ ဒိုင်ယာရီ..🤍Where stories live. Discover now