🌹9🌹(Part2)

10.3K 2K 478
                                    

"နှင်းဆီရောင်တွေရင့်ခဲ့တဲ့ည..
ရုတ်တရက်ပဲ တင်းကျပ်နေအောင်ပိတ်ထားခဲ့တဲ့
ကိုကို့ တံခါးချပ်တွေကိုမရည်ရွယ်ပါပဲ
ဖွင့်မိသွားတဲ့အခါ.....ကိုကိုဟာ ထင်သလောက်မှ
မရိုးရှင်းဘဲ...ကိုကိုဟာ ယုယုယယကြင်နာခြင်းတွေ
ကိုအလျှံ့အပယ်ပေးသင့်ပါသော လူသားငယ်လေးပါ...။

ဂျွန်...။

..................................။

"စိတ်မဆိုးပါနဲ့လို့ ကိုယ်မပြောလိုပါဘူး
ဒါပေမယ့်....နားလည်ပေးပါ....
ဖေဖေ ကို ကိုယ်တို့တစ်အိမ်လုံးသိပ်ကြောက်ရလို့
သူခိုင်းရင် မလုပ်ဘဲ မနေရဲလို့ပါ....
မင်း အကြာကြီးစောင့်လိုက်ရမှာပဲ...."

အိမ်ရှေ့ကိုရောက်လာသောHoseokHyung
သည်ပန်းစည်းလေးတစ်ခုဖြင့်...။

"ကျွန်တော် စိတ်ထဲမထားပါဘူး
မုန့်မှာစားပြီးပြန်လာလိုက်တယ်
Hyung လည်းစိတ်ထဲမထားပါနဲ့..."

"တောင်းပန်ပါတယ်...တစ်သက်လုံး
ပုံစံခွက်တွေက ကျနေပြီးသားမို့
ကိုယ် တကယ်တမ်းကျ သတ္တိမရှိနေခဲ့တာ
နောက်တစ်ခါ မင်းကိုပိုဦးစားပေးပါ့မယ်..."

"မိဘနဲ့ကယှဉ်စရာမှမလိုဘဲ...
ကျွန်တော် Hyung ကိုစိတ်မဆိုးပါဘူးဆို...."

HoseokHyung ၏မိဘအသိုင်းအဝိုင်းတွေ
အနေအထားအယူအဆတွေက်ုမသိခင်
အေးချမ်းစွာဘာလိုလိုအခြေအနေလေးကို
ဖြတ်သန်းနေရတုန်းကအဆင်ပြေသလိုလို
ရှိပေမယ့် Hyung အဖေနဲ့ မျက်လုံးချင်းဆုံမိပြီး
တဲ့နောက်ပိုင်း...။စာသင်ရင်း တစတစသိလာသောHyungတို့မိသားစု
၏တည်ဆောက်ပုံသည်Jimin အတွက်
စဉ်းစားစရာတွေဖြစ်ခဲ့သည်။

အသက်အရွယ်တစ်ခုရောက်လာ၍
HoseokHyung သည်ရွေးချယ်သင့်တဲ့သူ
ဆိုတာဦးနှောက်ကအချက်ပေးလာသည်။
အတိတ်က စိတ်မလုံခြုံခြင်းတွေ
ကျိုးကြေနေသောခံစားချက်တွေကို
မေ့နိုင်လိုမေ့နိုင်ငြား ချစ်သူရည်းစား ဆိုတာလေး
ကိုJiminက စမ်းသပ်ချင်ခဲ့သည်။

သို့သော်အခြေအနေတွေက နီးစပ်လာလေလေ
အရင်လို ခံစားချက်တွေမရလာတော့ဘဲ
တမျိုးတဖုံတွေဖြစ်လာခဲ့သည်။

ဒီနေ့ဆိုင်တစ်ဆိုင်ကိုလှမ်းချိန်းပြီးHyungရောက်မလာသောအဖြစ်အပျက်မှာလည်း အဖေဖြစ်သူကို
Hyung သည်လိုတာထက်ပို၍ကြောက်နေရကာ
သူတို့ အခြေအနေတစ်ခုကိုရောက်သွားတဲ့အခါ
Hyungအဖေကိုရင်ဆိုင်ရတော့မည်ဆို
လွယ်ပါ့မလား..။

နှင်းဆီ ဒိုင်ယာရီ..🤍Where stories live. Discover now