🌹40🌹

9K 1.1K 414
                                    

"ရုတ်တရက်လမ်းခွဲခဲ့တဲ့အကြောင်းအရင်းလေး
သိခွင့်ရှိမလားရှင်..."

"ရေစက်ကုန်လို့ပေါ့ဗျာ..."

ခုံပေါ်တွင်ခြေထောက်တွေကိုကျကျနနချိတ်
ကာပေါ့ပေါ့ပါးပါးပြုံးယဲ့ယဲ့လေးဖြေဆိုဟန်က
အထွေအထူးမရှိသည့်ဟန်။

"ပရိသတ်တွေကအရမ်းအံ့အားသင့်နေကြပြီး
ဝေဖန်မှုတွေလည်းအများကြီးကြုံတွေ့နေရတဲ့အပေါ်"

"သာမာန်ပါပဲ...ကျွန်တော်လည်းလူသားထဲက
လူသားတစ်ယောက်ပဲမလို့ ချစ်သူထားတယ်
လမ်းခွဲတယ် ဖြစ်ရိုးဖြစ်စဉ်ပါပဲ...."

"အကြောင်းအရင်းကလည်းအနုပညာရှင်နဲ့
သာမာန်လူချစ်ကြရင် လိုအပ်ချက်ကအနုပညာရှင်တွေ
ဘက်ကပဲများတတ်ကြတယ်လေအချ်ိန်မပေးနိုင်တာ
အာရုံသိပ်မစိုက်နိုင်တာ ဒါမျိုးပေါ့..ကျွန်တော့်
အလုပ်တွေနဲ့သူ့အတွက်အချိန်ကိုBalanceညီအောင်
မညှိပေးနိုင်ဘူး ....ကျွန်တော့်အမှားလို့ပြောလို့ရပါတယ်"

အကုန်စွန့်လွှတ်ပြီးသူ့ဆီပြေးလာတဲ့အမှန်တရား
ကတော့နာကျင်စွာမြေမြုပ်ပစ်ရမှာပဲ။
အချိန်မပေးနိုင်တာ နေရာမရှိခဲ့တာကချစ်သူဖြစ်နေတယ်။
နောက်ဆုံးအချိန်အထိတောင်အဲ့ကောင်လေးကို
အပြစ်မတင်ရက်ဘူး။တစ်နိုင်ငံလုံးကသူ့တို့မင်းသားကို
ဆိုတဲ့ဒေါသနဲ့ဝေဖန်မှုတွေကိုလူရိုးလူအေးကြီးကို
မသက်ရောက်စေချင်ဘူး။

မိသားစုကိုပဲချစ်တာ မိသားစုကိုပဲပြည့်ပြည့်ဝဝ
အာရုံစိုက်ပါစေ။ဒီဘက်ကကိစ္စတွေအားလုံးက
KimSeokJin လွန်မာတာဆိုရင် တစ်နိုင်ငံလုံးက
သူတစ်ခွန်းပဲ....။

ကျွန်တော့်အနုပညာမှော်ကိုဒီနေရာမှာတော့
ကျေးဇူးတင်တယ် မီးလောင်ပြင်ဖြစ်နေတဲ့
ရင်ဘက်တစ်ခုလုံးကိုပန်းတွေပွင့်ချင်ယောင်ဆောင်
ခပ်သာသာပဲဟန်ဆောင်နေနိုင်တာ။
ကိုယ့်ကိုကိုယ်ကျေးဇူးတင်လိုက်တာ။

"ဖြစ်တတ်တာပဲ SeokJin Shi"

"ဒါပေါ့ သေချာပေါက်ဖြစ်လေ့ဖြစ်ထရှိတဲ့
သဘောတရားတွေပဲ အဲ့တာကြောင့်ကျွန်တော်
ပြောပါတယ် သာမာန်ပါပဲလို့...."

"အနုပညာအလုပ်တွေနဲ့ပတ်သတ်ပြီးတော့ရော..."

"နားဦးမယ်....ကျွန်တော်ဆယ်ကျော်သက်ထဲက
ရုပ်ရှင်တွေချည်းရိုက်ခဲ့တာ ပရိသတ်အတွက်
လည်းနည်းနည်းတော့လုံလောက်ခဲ့ပြီလို့ထင်တာပဲ
စိတ်ရောကိုယ်ပါ အသစ်ပြန်မဖြစ်မချင်းအနားယူ
ပါဦးမယ်...Relationship ကြောင့်ရယ်လို့တော့
မဟုတ်ဘူးနော် အစထဲကPlanရှိပြီးသားပါ..."

နှင်းဆီ ဒိုင်ယာရီ..🤍Where stories live. Discover now