🌱14🌱(Part1)

9.6K 1.6K 742
                                    

နီနီရဲရဲသော အရွယ်လေးငယ်ငယ်...

မရင့်ကျက်ခဲ့ပါသော..အပိုင်းဆက်တွေအပေါ်...

ကိုကိုရယ်...ဆိုးတဲ့အခါ...

နှင်းဆီငယ်လေး....ပြိုရတယ်....🌹

မပျိုးချင်ဘူးလား ကိုကိုရယ်

နုထွေးသောလက်ကလေးတွေနဲ့များထိ

ကတ္တီပါရောင် ရဲဆွေး စွာနဲ့ သိပ်လှပြမယ့်

နှင်းဆီလေး လှလှလေးတစ်ပွင့်ရယ်ပါ....🌹

...................။

"Seok အရင်ကချစ်သူထားခဲ့ဖူးတာကို
သိချင်တာလား...ခုအချစ်ရေးကိုသိချင်
တာလား Seokကကြိုက်တဲ့သူကိုသိချင်တာလား
Seokကိုကြိုက်ခဲ့တဲ့သူတွေကိုသိချင်တာလား
Jimin မေးတာကို Hyung အရမ်းလည်နေပြီ...."

တက္ကသိုလ်ရဲ့တနေရာ အပင်ကြီးအောက်က
ခုံတန်းတွင်ထိုင်ရင်း နားမလည်နိုင်သော
ဘာကိုသ်ိချင်နေမှန်းမသိသော မေးခွန်းတွေနှင့်
လူရည်ချွန်ကြီးတိုင်ပတ်နေသည်။

BrainLevel ဘယ်လောက်မြင့်မြင့်
မျက်မှန်လေး၏အူလည်လည်Question
တွေကို အဖြေမထုတ်နိုင်နေပါ။
စိတ်ဒုန်းဒုန်းချကာခေါက်သိမ်းထားလိုက်ပြီ
ဖြစ်သောရပ်ဝန်းလေးသည်
ညီဖြစ်သူနဲ့ပတ်သတ်ပြီးတခုခုလေးစိတ်ခုနေတဲ့ပုံ။

နီးနီးကပ်ကပ် အူလည်လည်မျက်နှာလေး
ကိုလူရည်ချွန်ကြီးကအစပိုင်းတော့
အဆွေးဓာတ်လေးဖြင့်ငေးနေခဲ့တော့အကောင်း
လမ်းပျောက်လှသောမေးခွန်းတွေနဲ့
ခေါင်းစားလာတော့ ချွေးပြန်လာတော့သည်။

ရေစက်ပါလို့သာသူနဲ့တွဲမိရင်တောင်Jiminက
လိုရင်းမရောက် သူက သိပ္ပံနည်းကျတွေတွေးနဲ့
ရည်းစားစကားနဲ့လက်ခံခြင်းတွင်တောင်
ဘဝအသစ်ရောက်နိုင်သည်။

စာတော်လွန်းသော တချို့ထူးချွန်ထက်မြက်
သူတို့၏ဦးနှောက်များချော်ထွက်လာရင်
ဘယ်အရာမှမကယ်တင်နိုင်။
အထူးသဖြင့်အချစ်ရေးတွေအလွန်အမင်းသိသာ၏။

"ဟိုလေ....ဟို....ကျွန်တော်တို့မကြာခင်
တွဲတော့မှာမလို့...စီနီယာရယ်..အဲ့တာ
ဟိုတနေ့ညက Jungkook က....
TaeHyungနဲ့ Hyung က....အင်း...."

နှင်းဆီ ဒိုင်ယာရီ..🤍Where stories live. Discover now