🌹Part30🌹

10.9K 1.4K 1.2K
                                    

"ကျွန်တော်ပြောတဲ့လိပ်စာအတိုင်း
ခင်ဗျားသေချာလာတယ်မလား ဒါဆို
ခဏနေရင်ရောက်လာမှာပဲ"

"အင်း..."

"ခြံတံခါးတွန်းဖွင့်ပြီးသာဝင်လာခဲ့လိုက်ပါ
အထဲမှာလူတွေရှိတယ်.."

"အင်း..."

"ခင်ဗျားအရမ်းလည်းမစိုးရိမ်ပါနဲ့
အခြေအနေတွေအားလုံးဒီမှာအေးဆေးပါ
Jimin လည်းကောင်းကောင်းမွန်မွန်ပဲ"

"အင်း....."

Jimin ကိုပြန်တွေ့ပြီမို့ကိုယ်ကအားရဝမ်းသာ
လည်းအကြောင်းရသေးတယ်။MinYoongi
ဆိုသူသည်ဘယ်လိုများပါလိမ့်။

သူ့ကိုမသိရင် ကိုယ်က အတင်းအကျပ်လာ
ခိုင်းသလ်ိုမျိုး "အင်း" "ဟင့်အင်း"လွဲပြီး
ကျန်တာမပြော။Hoseokie လို သွက်လက်
လွန်းတဲ့သူကျ ဒါဟာ သိပ်ဂွကျသော
စကားယှဉ်ပြောမှုပါပဲ။

"ညီအစ်ကိုတွေအားလုံးလည်းစုံနေတော့ဗျာ
စကားတေ့တေ့ဆိုင်ဆိုင်ပြောလို့
ပိုအိုကေတာပေါ့ ဒါပေမယ့်တစ်ခုတော့ရှိတယ်
သဘောမတူဘူး ဘာညာနဲ့တော့ခွဲလို့ရမယ်
မထင်ဘူး အဲ့တာတော့သတိထားပေးပေါ့"

"........."

စကားပြန်တောင်မလာတော့။Hoseokသည်
ဖုန်းကိုSpeakerပါဖွင့်လိုက်သည်။

"Hello Hello Min Yoongi shi..."

"Hello နားထောင်နေလားခင်ဗျာ..."

Yoongiလာနေသောကားပေါ်ခရီးပန်း၍
အိပ်ပျော်သွားခြင်း။အိပ်ချင်လာရင်ဘာမှ
မသိတော့ဘူး။

Hoseok သည် ဖုန်းချလိုက် ဝရံတာမှာ
ပြောနေရင်းက အိမ်ထဲပြန်ဝင်လာသည်။
ဝရံတာကတံခါးမကြီးကိုဖွင့်ဝင်ရင်
နီတာရဲတို့အခန်းဖြစ်သည်။

နီတာရဲလေးတို့အိပ်ခန်းသည်လူစည်နေလျှက်။
အဘယ်ကြောင့်ဆိုသော် Ironman လေး
ဖျားနေသောကြောင့်ဖြစ်ပါ၏။
ဟုတ်ပါ၏ သူညထဲက
အပြင်းအထန်ကိုဖျားသွားခဲ့ပါသည်။

ဒေါက်တာသည် စမ်းသပ်ပေးနေပြီး
ကုတင်ဘေးတွင် ကင်ချီကောင်လေးက
စိုးရိမ်ပူပန်သောမျက်လုံးလေးတွေဖြင့်ထိုင်ကာ
ကြည့်နေသည်။လူရည်ချွန်ကြီးကတော့ကုတင်
ပေါ်တွင်ထိုင်နေသည်။

နှင်းဆီ ဒိုင်ယာရီ..🤍Where stories live. Discover now