🌹7🌹

13.4K 2K 1.2K
                                    

"ဘယ်တော့မှဖိနပ်ကြိုးတွေကို
ရေရေရာရာမချည်ခဲ့ဘူး....
အဲ့ဒီလိုပဲ ကိုကိုက သံယောဇဉ်ကြိုးတွေကိုလည်း
ပြီးပြီးရော ချည်နှောင်တတ်တဲ့သူ....."

ဂျွန်။

.........................။

"JeonJungKook မင်းစကားကို
လွယ်လွယ်လေးမပြောနဲ့
မင်းလိုကောင်ဆီကို အစထဲကမလာလိုက်ရမှာ"

"ငါ မနက်ခြောက်နာရီထဲက ထတာ ထယ်ရာ
မင်းအိပ်မောကျနေတာမနှိုးရက်လို့ပါ"

"နေစမ်းပါအုန်း မင်းမနက်၆နာရီအိပ်ရာ
ထသွားရအောင် ဘယ်အရပ်ဒေသမလို့လဲ
ဘယ်နှနာရီထထ နှိုးသွားရမှာပေါ့
ငါမင်းတို့အိမ်မှာမနက်စာစားရတဲ့အလုပ်ကို
ဘယ်လောက်မုန်းလဲသိရက်သားနဲ့..."

"စကားမပြောဘဲ ဇွန်းသံပန်းကန်သံမကြား
ရဘဲ သူပြောသမျှ ဟုတ်ဟုတ် လုပ်လိုက်ရင်
ရပါတယ်ကွာ ငါက၆နာရီထ Busစီး
ဟိုကို၇နာရီရောက်မှကွက်တိ ဝေးလို့ပါ...."

"ဘယ်နေရာလဲ...ဘယ်နေရာမလို့လဲ..."

"ငါမင်းကိုGameဆိုင်ရောက်ရင်အားလုံး
ပြောပြမယ် စိတ်လျှော့ပါ ....."

"သောက်သဲကွဲနေရတဲ့ကြားထဲ
ဘိုးတော်နဲ့မနက်စာစားရအုန်းမယ်
လောကကြီးကမတရားဘူး....
မင်းကို ငါလုံးဝမကျေနပ်......"

"ထယ်ထယ် မနက်စာစားဖို့လူစုံနေပြီသား
ဆင်းလာလို့ရပါပီ..."

ထယ်က အနက်ရောင်T-shirts ကို
အနက်ရောင်တိုနှံ့နှံ့ဘောင်းဘီနှင့်
ရိုးရှင်းစွာတွဲဝတ်ထားကာခပ်ရှုပ်ရှုပ်ဆံပင်
တွေသည်စိတ်ရှုပ်နေ၍မရှင်းလင်းနိုင်။
ကလေးလေးနဲ့ဆင်တူကျောပိုးအိတ်အနက်ရောင်
ကိုပဲခပ်လျှော့လျှော့လွယ်ထားသည်။

အဒေါ်ကြီးကတရိုတသေလာခေါ်တဲ့အခါ
Phone ထဲက ချဉ်ဖတ်ကောင်ကို
ဆဲချင်မိလိုက်သောစိတ်ကိုတော်တော်ထိန်းယူ
လိုက်ရသည်။

ရှင်းရှင်းဆိုရသော်JungKookအဖေကို
TaeHyungလုံးဝကြည့်မရပါ။
TaeHyungတစ်ယောက်ထဲလားဆိုတော့လည်း
ဘယ်သူမဆိုကြည့်မရမဲ့ပုံစံခွက်ကြီး
ခေါတ်နောက်ပြန်ဆွဲ ဒါဆိုဒါ ခပ်မာမာ ခပ်တင်းတင်း
ခက်ထန်လှသော ပုံစံမျိုးကိုဘယ်သူမှကြည့်ရ
လိမ့်မည်မဟုတ်။

နှင်းဆီ ဒိုင်ယာရီ..🤍Where stories live. Discover now