🌹44🌹

13.1K 1.1K 530
                                    

အလွန်အမင်းကိုနွေးထွေးနေသောခံစားမှု။
နူးညံ့သောအခင်းအကျင်းလေးပေါ်ရောက်နေကြောင်း
လည်းသိနေသည်။အိမ်သည်အဲ့လောက်မနွေးထွေးကြောင်း
ကောင်းကောင်းသိနေတာကြောင့်ဒါကဘယ်နေရာမျိုးလဲ။
အသိစိတ်ကပ်ကာမျက်လုံးတွေကိုအသာအယာဖွင့်လိုက်
တော့ ခမ်းနားသောမျက်နှာကျက်တစ်ခုကိုတွေ့လိုက်ရသည်။

မွှေးကြိုင်လွန်းတဲ့နှင်းဆီနံ့တွေသည်လှိုင်လှိုင်သင်းနေကာ
ဘယ်နေရာဆီရောက်နေတာလဲချက်ချင်းမတွေးန်ုင်။
လူသည်မျက်လုံးတွေပွင့်ပွင့်ချင်းကြောင်တောင်တောင်
ဖြစ်နေသည်။

"ကိုကို နိုးသွားမယ် အတတ်နိုင်ဆုံးအသံလေးတွေ
တိတ်တိတ်လုပ်ပေးပါ...."

"ရေခွက်ကိုဖြေးဖြေးလေးချပါ ...."

"လာ ကြိုက်တဲ့ဆေးကိုလာသွင်း မြန်မြန်ပြီးမြန်မြန်အေး
ကိုကိုနိုးလာရင် ဆေးပိုက်တန်းလန်းမဖြစ်ချင်ဘူး"

"ကိုကို အိပ်နေတဲ့ဘက်ကိုလမ်းမလျှောက်ပါနဲ့
ခြေသံကြောင့်အနှောက်အယှက်ဖြစ်မှာစိုးလို့
ကိုကို အရမ်းပင်ပန်းလာတာ...."

ဘေးနားကပ်ရပ်ကနေနားထဲတိုးစိတိုးစိ
ကြားနေရသောအသံလေး။
မဖြစ်နိုင်ပါဘူးဟုတွေးကာမြန်ဆန်လာသော
နှလုံးခုန်သံတွေနှင့်တဖြေးဖြေးဘေးဘီကို
လှည့်ကြည့်လိုက်တော့ လူအများကြီးကိုတွေ့လိုက်ရသည်။

"အမယ်လေး!!....."

ကိုယ့်ကိုစိတ်ဝင်စားနေကြတာမျိုးမဟုတ်ပေမယ့်
၁၀ယောက်မကသောလူများသည်အိပ်ရာနားတွင်
ပတ်ပတ်လည်းအလုပ်ရှုပ်နေကြသည်။ယောင်ယမ်းကာ
အိပ်ရာပေါ်ကထပြီး ကုတင်အောက်ကိုအလျှင်အမြန်ခုန်
ဆင်းကာပြူးကြည့်မိတော့ သူတို့ကလည်းကိုယ့်ကို
ပြူးကြည့်လာကြသည်။

"ကိုကို နိုးပြီလား..."

အသံလေးလာရာကိုကြည့်မိတော့အိပ်ရာထဲလှဲနေကာ
ဆေးအပ်တစ်ခုသွင်းနေရင်းမှသူ့ကိုကြည်ကြည်လင်လင်
လှမ်းပြုံးပြကာနှုတ်ဆက်လာသောဂျွန်။

ဦးနှောက်အချိတ်အဆက်မိသောနေရာသည်
ဂျွန်နဲ့ဖုန်းပြောခဲ့သည့်အချ်ိန်အထိပဲ ဒေါသလွန်ကာ
အိမ်ကထွက်ရာကအစခုဒီအိပ်ရာထဲအထိအခြေအနေ
တွေသည်သူစိတ်လွတ်နေကြောင့်သူဘာတွေလုပ်ခဲ့မိလဲ
သူပြန်မတွေးနိုင်ပါ။သေချာတာကတော့ပြဿနာ
ကြီးကြီးရှာခဲ့တာပဲဖြစ်လိမ့်မည်။

နှင်းဆီ ဒိုင်ယာရီ..🤍Where stories live. Discover now