🌹8🌹

14.4K 2K 1.5K
                                    

"အထူးအဆန်းပစ္စည်းလေးများ
ပြရင် အံ့အံ့ဩဩသဘောကျတတ်တဲ့
ကိုကို့မျက်လုံးလေးတွေက ကြယ်ပွင့်လေးတွေလိုပဲ....။
စွဲလမ်းခဲ့တယ် ကျွန်တော်အများကြီးစွဲလန်းခဲ့မိတာ...။

ဂျွန်။

........................။

"Hello ဟုတ်ကဲ့ Abcdလားခင်ဗျာ....
Abcd Jk မပါ Z အထိ နာမည်လေးနဲ့
ပစ္စည်းလေးမှာထားတာ လာပို့ပေးချင်လို့ပါ
လိပ်စာလေးConfirm လိုက်လုပ်တာပါ
..........ဒါဟုတ်တယ်မလားဗျ
Delivery ခ .....ကျပါတယ် လာပို့တော့မယ်နော်"

"ဟင်...ဟုတ်ဟုတ် ကောင်းပါပြီ..."

ခေါက်ဆွဲပြုတ်စားနေတုန်းDelivery
ဖုန်းကြောင့်နင်တောင်သွားရသည်။
ခုတလော အရမ်းလှချင်နေတာကြောင့်
Skin Care Setလ်ိုက်မှာထားခြင်းဖြစ်သည်။

Hoseokie ကလည်းသူ့အလှပြင်
ပစ္စည်းတွေကို ခိုးလုပ်လွန်းအားကြီး၍
သော့ခတ်ထားသည်။

အရင် ကပြီးပြီရောနေပေမယ့်ခုကမဖြစ်
တော့ ကြိုက်နေသောသူကအပြစ်အနာအဆာ
တစ်နေရာမှမရှိ နူးနူးညံ့ညံ့ ချစ်စရာလေး။
ကိုယ်ကကြောင်ချီးရုပ်ဖြင့်ဘယ်လိုမှ
မလိုက်ဖက်ပါ။စျေးကြီးသောSkincare
တွေဝယ်ကာ Careမှဖြစ်မည်။
ခန့်ညားဖို့ ပိုက်ဆံဘယ်လောက်ကုန်ကုန်ပါလေ။

"မြန်လိုက်တာ..ချက်ချင်းလက်ငင်းကို
လာပို့တော့တာလား Deli ခမရှိဘူးလေ
ခေါက်ဆွဲပြုတ်စားပြီးမှ အေးဆေးခိုးဖို့လုပ်ထားတာကို"

ပစ္စည်းမှာပြီးDelivery ခမရှိနေသောကလေးလေး
သည်ခေါင်းစားရတော့သည်။မေမေလည်းမရှိ။
Joonie နဲ့Hoseokieတို့ဆီကဘယ်လိုမှတောင်း၍
ရမှာမဟုတ်။ချောကလက်ကိတ်ကိစ္စထဲက
အနည်းငယ်သူ့ကိုဖယ်ကျဉ်ထားကြသည်။
ခိုးနေရင်လည်းအချိန်ကပေးရမှာမှီမှာမဟုတ်။

"မတတ်နိုင်ဘူး...ဒီလိုပဲလုပ်ရတော့မှာပဲ...."

ဆံပင်တွေကိုဆွဲဖွလိုက်ကာOverSizeအနွေးထည်
ကြီးကို ပုခုံးတစ်ဖက်ကိုဆွဲချလိုက်သည်။
အသက်ကိုပြင်းပြင်းရှုကာ တစ်စုံတစ်ခုလုပ်ဖို့
ကိုအရှိန်ယူနေသည့်ဟန်။
ထို့နောက်အခန်းတံခါးဆွဲဖွင့်ကာပြင်းထန်သော
ခြေသံများဖြင့်အောက်ထပ်သို့ပြေးဆင်းလာ
တော့သည်။

နှင်းဆီ ဒိုင်ယာရီ..🤍Where stories live. Discover now