🌹19🌹(Part1)

10K 1.7K 1.6K
                                    

မေမေ ကလေးလေးကိုကိုJimin နဲ့
ခိုးရာလိုက်သွားပါပြီ။
ခွင့်မလွှတ်ပါနဲ့။

ပုံ ။မိုက်တွင်းနက်သူKookie။

"ယောကျ်ားရေ!!!!!!!!..."

မနက်ဆယ်နာရီအချိန်လောက်တွင်ကလေးလေး
အခန်းထဲမှ အလွန်ကျယ်လောင်လွန်းသည့်
အသံကြီးဖြင့်ပြေးထွက်လာသောမေမေသည်
ခြေလှမ်းတွေပင်မှားယွင်းစွာ။

ခြံထဲကဒန်းပေါ်တွင်ငူငူငိုင်ငိုင်ဖြင့်ဖုန်းဆက်
သင့်လားမဆက်သင့်လားခုထိဝေခွဲနေတုန်း
ဖြစ်သောHoseokနှင့်ငိုယိုသွားသောJimin
မျက်နှာလေးကိုပြန်ပြန်တွေးကာရင်ထဲမကောင်း
တာမို့ အဆွေးပုံရိပ်ပေါ်နေသောလူရည်ချွန်ကြီးတို့
ပြိုင်တူလန့်ကာ အိမ်ထဲကိုလှမ်းကြည့်လိုက်ကြသည်။

"ဘာလဲ!!ဘာလဲ ဘာဖြစ်တာလဲ...."

အဖေဖြစ်သူသည် ဧည့်ခန်းထဲတွင်မနက်စာစား
ပြီး၍ခဏတဖြုတ်ထိုင်မယ်လုပ်ချ်ိန်
မိန်းမဖြစ်သူ၏အသံကြောင့်သူသည်ပင်လန့်ခဲ့သည်။
Hoseok ရော NamJoonပါပြေးဝင်လာခဲ့ကြ
ပြီး အမေဖြစ်သူဆီပြေးလာကြသည်။

"မေမေ ဘာဖြစ်တာလဲ...."

"ကြည့်ကြပါအုန်း.....အမယ်လေး.....
ဖတ်ကြည့်ကြပါအုန်း....!!!!"

Mr JEonသည် မိန်းမဖြစ်သူလက်ထဲကစာရွက်ကို
ဆက်ခနဲဆွဲယူကာဖတ်တော့ NamJoonတို့ပါ
ဝိုင်းဖတ်ကြည့်လိုက်ကြသည်။

"ဒါ...ဒါက....."

HoSeok ၏အသံကြီးသည် အလွန်ခက်ခက်ခဲခဲ
ထွက်လာကာ စကားပင်မဆက်နိုင်။
NamJoonသည်မျက်တောင်တဖျက်ဖျက်ခတ်နေလျှက်။

"မဖြစ်နိုင်တာ....."

"ဖြစ်နိုင်တယ်!!!ကျွန်မသူအိပ်ရာမထမထနဲ့သွား
နှိုးတာ အခန်းထဲမှာ ကာတွန်းရုပ်တွေနဲ့
အောက်ခံဘောင်းဘီတွေပဲကျန်ခဲ့တယ်
အဝတ်အစားတွေဘာမှမရှိတော့ဘူး!!
ဘာဆို ဘာမှမရှိတော့ဘူး မယုံရင်သွားကြည့်ကြပါလား"

မေမေသည် ပထမဆုံးအကြိမ်ယောကျ်ား
အားစိတ်လှုပ်ရှားစွာအော်ပြောနေခဲ့သည်။
Mr JEonပင်ကြောင်တောင်တောင်
နှစ်ကြောင်းပဲရေးထားသောစာကိုထပ်ခါထပ်ခါ
ပြန်ဖတ်နေသည်။

နှင်းဆီ ဒိုင်ယာရီ..🤍Where stories live. Discover now