Shirtအကျီဖြူဖြူလေးနှင့်ကြည်လင်နေသော
မျက်နှာနုနုလေးသည်လူကိုပြူးတူးကြောင်
တောင်လေးကြည့်နေသည်။တစ်နေကုန်ဒီလူသားကိုပဲဆက်တိုက်
မြင်ချင်တွေ့ချင်နေတာမို့အမြင်များ
မှားသလားဟုထပ်ခါထပ်ခါပြူးကြည့်နေလည်း
သေချာပေါက် Jimin Hyungပဲ...။ဆရာသည် Hyungဖြစ်နေခဲ့တာလား.....။
ရင်တွေခုန်လွန်းလို့နံရံတွင်ကပ်နေရင်း
အသက်ကိုမနည်းရှူနေရသောသူ။"Kookie....ဘာဖြစ်လို့လဲ...."
"ဟင့်အင်း...ဘာမှမဖြစ်ဘူး....
သူက သူက...ဆရာလား......""ဟုတ်တယ်လေ....Hyungရဲ့
ဂျူနီယာလေးပေါ့...Hyung တို့
တစ်မေဂျာထဲလေ...လိလိမ္မာမ္မာစာသင်မယ်မှတ်လား""မ.သင်.စရာလား....."
အံ့ဩနေရင်းမှ နံရံကပ်ကာတိုးဖွဖွထွက်လာသော
လေသံလေး...။
စာမေးပွဲတွေကိုချက်ချင်းရင်ဆိုင်ချင်လာပါ၏။"ဒီလိုမှပေါ့...ပြောသားပဲJimin နဲ့ဆို
အကုန်အဆင်ပြေပါတယ်လို့....""Jimin ဒါ Jungkook Hyungညီအငယ်ဆုံးလေး
အရမ်းချစ်ဖို့ကောင်းတယ်
ကိုယ့်ညီအရင်းလေးလိုသဘောထားပြီး
ဆုံးမချင်တာ သင်ကြားချင်တာအားလုံး
လုပ်လို့ရတယ်...ကူညီပေးပါအုန်းနော်..."ဘာညီအရင်းလေးလဲ....။
Joonieဘာတွေပြောနေတာလဲ....။
Bamသည်အခန်းထောင့်ကလှမ်းကြည့်လာသည်။
သူညတိုင်း ရင်ဖွင့်ခဲ့တာBamမို့ ထပ်တူထပ်မျှ
Bamလည်းမကျေနပ်သည့်ပုံ။"ဟုတ်ကျွန်တော်နားလည်ပါတယ်Hyung
စာက ဟိုစာကြည့်စားပွဲမှာ
သင်ရမှာမလား...၆နာရီကနေ၈နာရီဆိုတော့
အချိန်တွေကပဲ့နေပြီ ကျွန်တော်စချင်နေပြီ...""ဟုတ်တာပေါ့...Kookie ထ ထ....
စာစသင်တော့..ကောက်တာပြီးမှဆက်ကောက်....
ဒါဆို Hyungသွားပြီ Jimin...
Fighting...."Jimin ဆံပင်လေးတွေကိုဖွဖွလေးထိကာ
နွေးထွေးသောပါးချိုင့်နက်နက်
အပြုံးကြီးဖြင့်လူရည်ချွန်ကြီးကိုJimin
လှလှလေးပြန်ပြုံးပြလိုက်သည်။ချစ်သူရည်းစားလေးဖြစ်မှရယ်လို့လည်း
မဟုတ်ပါဘူး...ကိုယ်ပြုံးပြလို့
သူ့ဘက်စစ်စစ်မှန်မှန်နွေးထွေးစွာဖြင့်
ပြန်ပြုံးပြရုံနဲ့ကို လုံလောက်နေသော
အကြင်နာတွေသည်လည်းလောကတွင်ရှိတတ်
ပါသည်။ယုံတမ်းတွေမဟုတ်ခဲ့ပါလေ...။