🌹16🌹

11.6K 1.8K 898
                                    

"Namjoon အငယ်ကောင်ကိုသေချာ
စောင့်ကျပ်ထားနော်....ငါနောက်တစ်ခါ
ဒီလိုမျိုးတွေထပ်ဖြစ်လာတာမျိုး
နည်းနည်းမှလက်သင့်မခံနိုင်ဘူး
နောက်တစ်ကြိမ်ဆိုအသားနာပြီမှတ်...."

မနက်စာစားပွဲတွင်တစ်မိသားစုလုံး
စုံလင်နေကာ ကလေးလေးသည်
အပြစ်ရှိသူမို့ ငြိမ်ငြိမ်လေးနေနေသည်။

"မိဂုဏ်ဖဂုဏ်မှမထောက် Clubတက်
အရက်မူးရတယ်လို့ ငါကတော့
စာသွားစုလုပ်နေတာပဲဆိုပြီးလွှတ်ထားမိတာ
အမေဖြစ်သူကလည်းဘာမှမသိ
အစ်ကိုဖြစ်သူတွေကလည်းဘာမှမသိ
ငါ့စိတ်သဘောဆို မှတ်လောက်သားလောက်
အောင်ရိုက်ပြီးဆုံးမချင်တာ..."

Jackson သည်အဆုံးအထိလွဲချော်ခဲ့သည်။
သူ့အိမ်ဆီကိုသာတန်းပြန်ခဲ့လျှင်ပြဿနာ
မရှိနိုင်ပေမယ့် နှင်းဆီစံအိမ်ကြီးဆီမူးမူးနဲ့
မောင်းသွားခဲ့ကာနီတာရဲလေးကိုအိမ်ပြန်ပို့ပေး
တယ်ဟုလုပ်ပြန်သည်။တစ်အိမ်လုံးနိုးလာပြီး
အမူးသမားတစ်အုပ်ကိုမြင်ကာမှင်သက်နေတုန်း
သူတို့အသဲအညှာလေးကိုအိမ်ပြန်ပို့ကြောင်း
ပြောသည်။

သို့သော်
လာပို့သောအသဲအညှာလေးကားပေါ်မပါလာခဲ့ကာ
အထဲတွင်အစုလိုက်အပြုံလိုက်အိပ်ပျော်နေကြသော
တခြားဂိုဏ်းသားများသာရှိပါ၏။
ထိုအခါJackson သည် နီတာရဲ ကားပေါ်ကထွက်ကျ
ကျန်ခဲ့ပြီဟု ဆိုကာ ပွဲရှာင်ိုတော့သည်။

တစ်အိမ်လုံးသွေးတွေတက်ကုန်ကာ
ညဘက်ကြီးအပြေးအလွှားတွေဖြစ်လျှက်
ရှာဖွေကြရတော့သည်။
အမေဖြစ်သူသည် တက်မတတ်ငိုကြွေးကာ
အဖေဖြစ်သူသည်လည်းခြေမကိုင်မိလက်မကိုင်မိ။

Hoseokie နဲ့NamJoonသည် Jackson ကို
အကျိုးအကြောင်းတွေ ဘယ်နေရာကိုသွား
ခဲ့သလဲတွေမေးသော်လည်း တရုတ်ကြီးက
Jimin အိမ်လမ်းတွေကိုမူးမူးနှင့်မောင်းခဲ့၍
မမှတ်မိကာ မဖြေနိုင်ပေါက်ကရတွေလျှောက်ဖြေခဲ့သည်။

တောင်ပြေးမြောက်ပြေးနှင့်တစ်အိမ်လုံး
ယောက်ယက်ခတ်ကာတမြို့လုံးပတ်ရှာကြတာ
မိုးလင်းတဲ့အထိ။

ကမ္ဘာတွေပျက်နေတုန်းမိုးသေချာလင်းလာတဲ့အခါ
မွှေးပွဖိနပ်ဖြူဖြူလေးတစ်ဖက်စီကို
လက်မှာကိုင်လာလျှက် ခေါင်းငိုက်စိုက်
ဖြင့်ခြံထဲဝင်လာသောချဉ်ဖတ်လေးကိုပြန်တွေ့လိုက်ကြ
ရသည်။

နှင်းဆီ ဒိုင်ယာရီ..🤍Where stories live. Discover now