🌹17🌹(Part1)

9.3K 1.5K 509
                                    

နှင်းဆီစံအိမ်ကြီးသည်အရင်လိုမသာယာတော့ပါ။
မိသားစုတစ်ခုမှာပြဿနာတစ်ခုရှိလာလျှင်
အိမ်သားအားလုံးနေရစားရကျပ်တတ်ကြသည်။Hoseok
နှင့်အဖေဖြစ်သူ၏အားပြိုင်မှုကြောင့်တခြားအိမ်သား
များသည်လည်းရီစရာပြုံးစရာတွေ့တောင်
မရီမပြုံးနိုင်ခဲ့ကြတော့။

အဖေဖြစ်သူသည် သားတွေရဲ့ဘဝကိုစနစ်တကျ
စီစဉ်Planချပေးထားပြီး သူ့စိတ်သဘောအတိုင်းသာ
လျှင်ကလေးတွေအတွက်အကောင်းဆုံးဟု
ယုံကြည်မှုရှိစွာယူဆခဲ့သည်။

Jiminဟာထည့်စဉ်းစားဖို့ပင်သူ့အတွက်မလိုအပ်ခဲ့။
ရိုးရိုးအအ မျက်မှန်းကိုင်းကြီးကြီးနဲ့ကျူရှင်ဆရာ
တစ်ယောက်သည် သူအားအကိုးရဆုံးဒီအိမ်တော်ရဲ့
စီးပွါးရေးကိုဦးဆောင်မည့်သားဖြစ်သူရဲ့လက်တွဲဖော်
အဖြစ် တွေးတောင်မတွေးကြည့်ခဲ့ပါ။

ဘယ်မိသားစုကမှန်းမသိ ဘာမှန်းလည်းကိုမသိသော
Jiminဟာ သူ့အတွက် ပမွှားလေးပဲ။
သဘောတူခြင်း မတူခြင်းကို တောင်မစဉ်းစား
Jimin ဆိုတာကိုမရှိသလိုပဲ..သူလုပ်စရာရှိတာကို
ရှေးရှူးလုပ်ဆောင်ခဲ့သည်။

သားဖြစ်သူကိုသာ ကြီးမားတဲ့ဖိအားတွေ
အခန်းပိတ်ပေးကာ Hoseokရဲ့ဖုန်းတွေဆက်သွယ်
လို့ရမယ့်ပစ္စည်းတွေအားလုံးကိုသိမ်းဆည်းခဲ့သည်။

ပြောစကားနားထောင်တဲ့ကလေးတစ်ယောက်မို့
ပုံသွင်းရလွယ်ကူခဲ့ဆုံးကလေးမို့
အားသာချက် အားနည်းချက်တွေကိုဖခင်တစ်
ယောက်အနေနဲ့အကုန်သိကာ ဒီကိစ္စနဲ့ပတ်သတ်ပြီး
ထိမိသောဖိအားတွေကိုပေးနိုင်ခဲ့သည်။
သူကိုယ်တိုင်လည်းအလုပ်ပင်မသွားတော့။
အချ်ိန်ပြည့်စောင့်ကြည့်ကာ လက်ထပ်ပွဲပြီးမှသာ
စိတ်ချမည့်ပုံစံ....။

ဘာကိုမှဂရုမစိုက်...ဖခင်တစ်ယောက်အနေနဲ့
သူဟာကောင်းသောလမ်းကိုသာရွေးပေးခဲ့တယ်ဆိုတဲ့
အယူတစ်ခုနဲ့ ဘယ်သူ့မျက်နှာကိုမှမထောက်ဘဲ
လုပ်စရာရှိတာကို စီစဉ်တကျ လုပ်ကိုင်နေသည်။

Hoseok သည်အိမ်ထဲကအိမ်ပြင်ထွက်ခွင့်မရှိတဲ့အခါ
အခန်းထဲမှာပဲ ခက်ခဲမှုတွေအားရင်ဆိုင်နေရသည်။
ပျော်ရွှင်စရာတွေအားလုံးဆိတ်သုန်းနေကာ
လူတွေဟာ မကြည်မလင်....။
အဖေ ဖြစ်သူရဲ့ အရိပ်အချေကိုကြည့်လျှက်အားလုံး
ငြိမ်ကုတ်နေရသည်။

နှင်းဆီ ဒိုင်ယာရီ..🤍Where stories live. Discover now