🌹Part35🌹

8K 1.2K 554
                                    

ကိုကိုစိတ်ပိုင်းဆိုင်ရာအခြေအနေတွေမကောင်း၍
မေ့လဲသလိုလိုဖြစ်ပြီးတဲ့ညကစဆေးရုံတင်ထားလိုက်
ရပါ၏။အလွန်အကျွံစိတ်တွေကျနေကာစိုးရိမ်ရတဲ့
ဘက်ရောက်နေတယ်လို့ဆရာဝန်တွေပြော၍နီတာရဲ
မှာအရူးမီးဝိုင်း။

အမြန်အဆန်ဆေးရုံတင်ကာလူနာစောင့်လုပ်နေရတာ
၃ ၄ရက်လောက်တော့ရှိခဲ့ပြီ။ဒီတိုင်းရန်ဖြစ်လို့
မောပြီးအိပ်ပျော်သွားတယ်ထင်တာ အိပ်တော့အိပ်ပျော်
တာပဲ ရိုးရိုးအိပ်ပျော်တာမဟုတ်ခဲ့။ကိုယ်တွေပူလာလို့
ဆေးခန်းပြေးမှမအိပ်ထားသောခန္ဓာကိုယ် မစားထားသော
ခန္ဓာကိုယ် တစ်နေရာထဲမှာအချ်ိန်ကြာမြင့်စွာထိုင်နေ
ခဲ့တဲ့ခန္ဓာကိုယ်ဟာအားပျက်ခြင်းကိုရောက်ပြီးလဲသွား
ခြင်းဖြစ်ကြောင်းသိလ်ိုက်ရသည်။

MinYoongiဟာပြောတဲ့အတိုင်းမိုးလင်းတာနှင့်
အတ်ိတ်ကိုတူးဖော်ရန်ရောက်လာခဲ့သော်လည်း
ပြာယာနေသောနီတာရဲနှင့်ဖြူဖျော့ခွေလဲနေသော
Jiminကိုတွေ့လိုက်ရတဲ့အခါအံ့အားသင့်သွားခဲ့ရသည်။

"Yoongi Hyung ကူဦးလေ ဘာလုပ်နေတာလဲ"
ဆိုတဲ့စူးစူးရှရှအော်သံနှင့်သူနောက်ကြောင်းပြန်
မင်းသားဇာတ်ရုပ်မှအထုတ်တွေဆွဲကာ၃ယောက်
သားဆေးရုံတက်ရတော့သည်။

ဖြစ်ရပ်တွေကိုပြောပြချိန်လည်းမရဘဲ
အသဲအသန်Jiminရဲ့ဖျားနာမှုတွင်သူပါ
ကူညီဆေးရုံစောင့်ပေးရကာ
MinYoongiလမ်းနည်းနည်းပျောက်သွားရသည်။

အတော်အတန်Jiminလည်းပြန်သတိကောင်း
ကောင်းရလာပြီး စိတ်ချလက်ချထားခဲ့ကာ
စကားအေးဆေးပြောလို့ရတဲ့နေ့တစ်နေ့တွင်
တော့ နယ်ဆေးရုံဝန်းလေးထဲ ကလေးလေးနှင့်
MinYoongiကိစ္စတွေကိုပြောပြဖို့နားထောင်ဖို့
ဖြစ်လာသည်။

"ဒီနေ့တော့ပြောလို့ရပြီထင်တာပဲ...Hyung
ကျွန်တော့်ကိုမြန်မြန်ပြောပြ...."

ရုပ်ရှင်တွေထဲဆို သိပ်ကြည့်ကောင်းသော
ဇာတ်ကွက်တစ်ခုဖြစ်လိမ့်မည်။နေဝင်ချိန်တစ်ခုတွင်Yoongiသည်အပေါ်အောက်အနက်ရောင်
တွေဝတ်ထားကာဘောင်းဘီအိတ်ထဲ
လက်တစ်ဖက်ထည့်ထားပြီးအနက်ရောင်Shirtသည်
ကျစ်လစ်သောခန္ဓာကိုယ်နှင့်တသားထဲ။
လေတစ်ချက်ဝေ့သွားတဲ့အခါ
ဆံပင်တွေလွင့်မျောသွားပုံကငေးမောစရာ။

နှင်းဆီ ဒိုင်ယာရီ..🤍Where stories live. Discover now