🌹26🌹(Part1)

8.7K 1.5K 310
                                    

တစ်ပတ်လောက်အချိန်ယူလျှက်ကလေးလေး
ဟာ ကိုကို့ကိုအထင်ကရနေရာလေးတွေ
အားလုံးကိုလိုက်ပြခဲ့တယ်။

ကိုကိုဟာ ခေါ်သွားသမျှနေရာတွေတိုင်းကို
ဂျွန်ရဲ့Shirt င်္အကျီစလေးဆွဲကာလိုက်ခဲ့သည်။
ရောက်တဲ့နေရာတိုင်းပျော်ရွှင်နေခဲ့ပြီး
ဒါနောက်ဆုံးအကြိမ်နှုတ်ဆက်ခြင်းတွေဖြစ်
ကြောင်း အပြည့်အဝအမှတ်ရနေဖို့ ကလေးလေးက
သတိပေးတိုင်း
ကိုကို မျက်ဝန်းတွေဆွေးရိပ်သန်းခဲ့သည်။

ကလေးဆန်ပေမယ့် ယောကျ်ားတစ်ယောက်မို့
သူ့စိတ်ချမ်းသာဖို့ထက်ချစ်ရတဲ့သူရဲ့စိတ်ချမ်းသာမှု
ကိုပိုမက်မောခဲ့သော အချစ်စစ်တစ်ခုမှာ
ဂျွန်ဟာ အိမ်ပြန်ဖို့ကိုအတည်တကျလုပ်ဆောင်ခဲ့တယ်။

သူ့ကြောင့်ထပ်ငိုရမှာ
သူ့ကြောင့်ထပ်ထိခိုက်နာကျင်ရမှာတွေကို
သူသိပ်ကြောက်ခဲ့တယ်။
တခြားကိစ္စများထက် ကလေးလေးဘာတွေ
ဖြစ်ဖြစ် အိမ်ပြန်ဖို့ဆုံးဖြတ်ခဲ့ခြင်းတွင်
သူ့ကြောင့် ကိုကိုရယ်...ဘာဖြစ်သွားခဲ့တယ်
ဆိုတဲ့ဖြစ်ရပ်မျိုးက်ိုကြောက်ခဲ့သော
စိတ်တွေကအများဆုံးဖြစ်ခဲ့သည်။

တောထဲကအလွန်အကျွံကိစ္စနဲ့ပတ်သတ်ပြီး
လည်းကင်းပါတော့မယ်ဆိုမှ ကင်းသင့်နေခါမှ
မစောင့်စည်းနိုင်သူလွန်ခဲ့သည်။
အဲ့တာအတွက်လည်းအသိစိတ်ပြန်ဝင်မှ
ထပ်အားနာကာ ဤကဲ့သို့သောအပြုအမူမျိုး
ထပ်မဖြစ်စေရပါတော့ဘူးဟု ကိုကို့ကိုကတိထပ်ပေး
ထားရသည်။ ကိုကိုကတော့ သိသလိုလို
မသိသလိုလို ဘာမှန်းကိုမသိသောမျက်လုံးတွေနဲ့
ငေးကြည့်ပြီးစကားပြန်မလာ အိပ်တော့မယ်ပဲ
အမြဲပြောကာ အိပ်ပဲအိပ်သည်။

အဲ့ဒီလိုအတူတူနေရတဲ့နောက်ဆုံးနေ့ရက်လေး
တွေကိုလျှောက်လည်ရင်းဖြတ်သန်းခဲ့ပြီးနောက်
သွားစရာကုန်သွားသောနေ့တစ်နေ့ကို
ရောက်လာခဲ့သည်။ဒါဆို ကိုကို့အတွက်​
နောက်ဆုံးလက်ဆောင်ပျော်ရွှင်ရသောနေ့ရက်
လေးတွေကိုဖန်တီးလို့ပြီးဆုံးသွားပြီ။

အိမ်မှာတစ်ရက်နှစ်ရက်လောက်နေပြီးလျှင်
ဒီနယ်မြေကိုလှလှလေးကိုနှုတ်ဆက်ကာ
တစ်ယောက်တစ်လမ်းစီခွဲရတော့မည်ပေါ့။

နှင်းဆီ ဒိုင်ယာရီ..🤍Where stories live. Discover now