"Hyung ဘာတွေတွေးနေတာလဲ....."
အိမ်လေး၏ဝရံတာတွင်Coffeeခွက်လေးကိုင်လျှက်
မနက်စောစောလေနုအေးလေးတွေကြားအေးချမ်း
နေသောမျှော်လင့်ချက်လေးဆီ ထယ်က လျှောက်လာ
သည်။ဤအိမ်ရဲ့ဝရံတာလေးကသိပ်နေချင်စဖွယ်လေး။
အလွန်လှသောမြင်ကွင်းတွေနဲ့ပေါင်းစပ်ထားပြီး
ရပ်နေသူကလည်းတောက်တောက်ပပလေးမို့
ပန်းချီတစ်ချပ်နှင့်အလားတူနေပါ၏။"ဆိုးလ်ကငါ့အလုပ်ကိစ္စတွေရယ်
အငယ်ကောင်ကိစ္စရယ်ပါ....""အလုပ်ကိစ္စတွေက မန်နေဂျာကိုသေချာ
မှာခဲ့တယ်မလား Jungkook ကိစ္စက
ဘာများလဲ....""တစ်သက်လုံး ဒီမှာလွတ်လွတ်ကင်းကင်း
နေနေလို့မရဘူးလေ...အဖေနဲ့တစ်နေ့သေချာ
ပေါက်ရင်ဆိုင်ရမှာပဲ...ငါနဲ့Joonie က
အဖေ့စကားလုံးဒဏ်တွေအပေါ်ရင်းနှီးနေပေမယ့်
အငယ်လေးက ဘာမှရင်ဆိုင်ဖူးတာမဟုတ်ဘူး""Jungkook က ကလေးလေးမဟုတ်တော့ဘူး
Hyung...သူ့ကိုအတင်းကလေးဘဝထဲကို
ပြန်ဆွဲမထည့်နေဘဲ လူကြီးလိုနေရာပေးကြည့်ပါ
Hyungတို့က ကလေးလိုလုပ်နေသရွေ့သူက
အဲ့ဘဝကရုန်းလာနိုင်မှာမဟုတ်ဘူး...""ချစ်လို့ပါ...ဘဝမှာချစ်ရမယ့်အရာတွေကို
အစီအစဉ်ချလိုက်ရင် Jungkookie က
နံပါတ်တစ်များဖြစ်မလားမသိဘူး...."နေရောင်ခြည်လေးဟာသိပ်ရိုးသည်။
ပြုံးယဲ့ယဲ့ဖြင့်ထယ်ယောင်းကိုကြည့်လာကာ
ရင်ဖွင့်ခြင်းတွင်ထယ်ကနားလည်တာမို့
နွေးထွေးစွာပြန်ပြုံးပြခဲ့သည်။"Jungkookieကနံပါတ်တစ်ဆို
ရင် KimTaeHyung က
နံပါတ် ၂များရနိုင်မလား Hyung..
ကျွန်တော်လည်းHyungကိုသိပ်ချစ်တာပဲဟာ.."အခြေအနေသည်အလွန်ပြေလည်သာယာနေ၍
ရနိုင်သလောက်အခွင့်အရေးကတော့ယူရလိမ့်
မည်။ဘဝတွေမှာ စောင့်ထိန်းနေလို့ဘာမှ
ဖြစ်လာမှာမဟုတ်။ပြောရင်းဆိုရင်းနဲ့ပဲ
နေရောင်ခြည်လေး၏နောက်ဘက်ကို
ကျယ်ပြန့်သောရင်ခွင်ကြီးတစ်ခုကအုပ်မိုးလာသည်။နွေးထွေးလုံခြုံသွားမှုသည် Coffee လေးအတိုင်း။
စိတ်တွေလည်းကြည်နေကာမနက်စောစော
သည်သိပ်လှနေတာမို့ ဒီကောင်လေးကိုလည်း
သိပ်ခါးခါးသီးသီးတွေလုပ်ချင်စိတ်တကယ်ပျောက်
နေ၍ငြိမ်ငြိမ်လေးနေပေးလိုက်သည်။