🌹27🌹

10.2K 1.5K 1K
                                    

သွားတိုက်တံတစ်ချောင်းနှင့်ဝရံတာထွက်ကာ
သွားတိုက်ဖို့ရည်ရွယ်ခဲ့ပေမယ့်မဖြစ်မြောက်သေး။
ကင်ချီသည် အိပ်ချင်မူးတူးဆံပင်ကိုဆွဲဖွကုတ်
နေကာ ဖုန်းပြောနေရသည်။

"ပိုက်ဆံတွေယူသွားတာလည်းနည်းတာ
မဟုတ်ဘူး...မင်းသဘောမင်းဆောင်လို့
မင်းလုပ်ချင်ရာလုပ်မယ်ဆိုလည်း
အိမ်ထောင်မပြုထားနဲ့ KimTaeHyung..."

"ထယ် Hyungကို ပြောသွားဖို့ ခွင့်တောင်းဖို့
ဖုန်းဆက်သေးတယ် မကိုင်လို့ ဒီတိုင်း..."

"3 Miss Calls လောက်က မကိုင်မချင်း
ကိုင်စေချင်လို့ခေါ်တဲ့အရေအတွက်မျိုးမဟုတ်ဘူး
တစ်ဖက်က ပြောလာတဲ့အခါ ၃ခါတောင်ခေါ်ထား
တယ်လေ လ်ို့ အပြစ်လွတ်သုံးတဲ့အရေအတွက်.."

"တောင်းပန်ပါတယ်...တကယ်ဆိုမကြာဘူး
ဒီနေ့ဆို ပြန်ရောက်ပါပြီ ကိစ္စလေးတွေက
ပေရှည်သွားလို့..."

"ငါ့ကိုပြောလေ ဘာကိစ္စလဲ ဘယ်နေရာကိုသွား
တာလဲ...ဘာသွားလုပ်တာလဲ...
စိတ်ဝင်စားလို့ သိချင်လွန်းလို့တော့မဟုတ်ဘူး
နော် အဒေါ်မေးတော့ ငါမသိနေဘူး
အဲ့တာက မင်းငါ့အပေါ်လေးစားမှုမဲ့ရာကျလွန်းနေတယ်"

"နေရာတစ်ခုပါ အန္တရာယ်ကင်းပါတယ်
သူငယ်ချင်းတွေနဲ့ အေးဆေး ပြန်လာတော့မှာ..."

"ငါ့ကို နေရာ ပြောလို့ပြောနေတယ်နော်
မင်း အဒေါ့်ဆီက ခိုးသွားတဲ့ပိုက်ဆံAmount
နဲ့ဆို မဟုတ်တဲ့နေရာတစ်ခုမှာမဟုတ်တာတွေ
တန်းစီလုပ်နေပြီမလား..."

သေမှာပဲ။အတူတူနေလာတာကြာမြင့်လာသည်
နှင့်အမျှ Hyungသူ့အပေါ်အရင်ကလောက်
မဆိုးဝါးတော့အဆင်ပြေလာသည်ဆို၍ရသည်။
ခုဒီကိစ္စမှာ အသံအနေအထားအရ အလွန်အမင်း
တင်းမာအေးစက်နေတာကြောင့်စိတ်ဆိုးနေပြီဆို
တာအတတ်သိပါသည်။

အေးဆေးနေ့လေးတွေကိုသာသာယာယာ
ဖြတ်သန်းနေခဲ့ပြီးမှ ချဉ်ဖတ်ကောင်ကြောင့်
ကွိုင်ကတက်ရပြီ။မှန်ပြတင်းပေါက်မှတဆင့်
သူတို့အိပ်ခန်းထဲကိုလှမ်းကြည့်တော့
ဖက်အိပ်နေကြတာ ၃ဘဝလောက်ကွဲနေလို့
ပြန်တွေ့နေကြသည့်အတိုင်း။မုန်းစရာ။

"မလုပ်ပါဘူးဆိုဗျာ..."

"နေရာမပြော ဘာလုပ်နေတယ်မပြောရင်
ဆေးချနေတယ်လို့ ငါသတ်မှတ်လိုက်ပြီ..
မင်းကို မင်းမိဘတွေနဲ့လှမ်းတိုင်မယ်.."

နှင်းဆီ ဒိုင်ယာရီ..🤍Where stories live. Discover now