🌹17🌹(Part2)

9.1K 1.6K 662
                                    

ညစ်နွမ်းနွမ်းစိတ်တွေနဲ့အတူ
Coffee ခါးခါးတစ်ခွက်ဖျော်ကာ
ပေါင်မုန့်တစ်ချပ်ဖြင့်Jimin မနက်စာ
တစ်ယောက်ထဲစားနေချိန်တွင် ဝင်လာသော
ဖုန်းသံကြောင့် အလောတကြီးယူကြည့်လိုက်သည်။

မသိသောနံပါတ်တစ်ခုဖြစ်တာကြောင်Hyung
လည်းဖြစ်နိုင်သည်ဟုတွေးလိုက်ကာ
ပုံမှန်ဆိုမသိရင်ချပစ်တတ်ပေမယ့် ကိုင်လိုက်သည်။

"Hello Jiminလား...."

"ဟုတ်ကဲ့ Jimin ပါ...."

"HoSeok အဖေ ပါ...."

Coffee တွေပင်ထသီးကာ မတ်တပ်ရပ်မိတဲ့အထိ။
ဒိန်းခနဲသောနှလုံးခုန်သံနှင့်အတူရင်ထဲလည်း
ပူခနဲ။

"ဗျာ....ဟုတ်...ဟုတ်ကဲ့ ဦး...ပြော..ပါ..."

"အထွေအထူးတော့မဟုတ်ပါဘူးJimin ရယ်
ဖုန်းတကူးတကဆက်တယ်ဆိုပြီး
အရမ်းလည်းမလန့်ပါနဲ့...ဦး မင်းကို
ထမင်းစားလေးဖိတ်ချင်လို့ပါ.."

အသံသည်ကြောက်စရာအငွေ့အသက်
တစိုးတစိမျှမရှိပါ။Jimin နည်းနည်းလေးတော့
အသက်ရှူလို့ရခဲ့သည်။

"ဟုတ်...."

"ဘာရယ်မဟုတ်ဘူး Family Dinnerလေး
ပေါ့ မင်းက အငယ်လေးရဲ့ဆရာလည်း
ဖြစ်တော့ ခင်မင်မှုတွေလည်းရှိတယ်လေ"

လုံးဝဖော်ရွေစွာဖိတ်ခေါ်နေမှုသည်
စီနီယာပြောသလိုသူတို့ကိုအံ့အားသင့်နေတယ်
Hyungပြောသလိုအပြင်းအထန်ညှိနှိုင်း
နေရတယ်လည်းမဟုတ်ပြန်အေးဆေးပါပဲ။
မနက်စောစောအိမ်မက်ပင်မက်နေသလားဟု
ထင်ရလာသည်အထိ။

"ဟုတ်...."

"လာဖို့...အဆင်ပြေတယ်မလား...Jimin"

Jimin ဖုန်းကိုင်ထားသောလက်ဖျားတွေပင်
တုန်ရီနေခဲ့သည်။မကောင်းသောအငွေ့အသက်မျိုး
တွေမခံစားရဘဲ ပကတိဖိတ်ခေါ်မှုတစ်ခုတွင်
မယုံကြည်နိုင်ခြင်းတွေလည်းရောယှက်လျှက်။
အားတင်းကာစကားသံတိုးတိုးလေးထွက်လာသည်။

"ဟို...ဦး ကျွန်တော်...လာလို့တကယ်ရလို့လား..."

"ရတာပေါ့ ဦးကိုယ်တိုင်တောင်
တကူးတကဖိတ်နေတာ Jiminမှာဘာအခက်အခဲ
ရှိလို့လဲ..."

နှင်းဆီ ဒိုင်ယာရီ..🤍Where stories live. Discover now