🌹28🌹(Pt1)

9.5K 1.4K 683
                                    

2Weeks later....။

"ပင်ပန်းတာကိုနားလည်ပေမယ့်မင်းအတွက်မှတ်တိုင်
တစ်ခုမှာသေချာနေတာမလို့ပါ..."

"ပင်ပန်းတယ်ဆိုတာနားလည်ရင်ပြီးတာပဲ
နိုင်ငံခြားတစ်ခါတစ်ခါထွက်ရတာလွယ်တာမဟုတ်ဘူး
Location ကို ၁၆ခါလောက်လိုက်ပြောင်းနေတာ
စိတ်ရှည်တယ်ထင်မနေနဲ့..."

"ဇာတ်သိမ်းပိုင်းမလို့ပါ Jinရာ...Sad Ending
ဆိုတော့ လွမ်းမောဖွယ်နေရာလေးမှာအဆုံးသတ်မှ
ဇာတ်ပိုကြွမှာလေ...."

"ဇာတ်ကြွမကြွတော့မသိဘူး
လူကြွချင်နေပြီ ပင်ပန်းတယ် ဒီကားပြီးရင်
ကျွန်တော်အပြီးအနားယူတော့မယ် စိတ်ကုန်နေပြီ..."

အနုပညာသည် ဆိုတာနာမည်သာလှတာ...။
နာမည်လေးသာကြွရွတာ စိတ်ဖိစီးမှုနဲ့ ခန္ဓာကိုယ်
ရဲ့ပင်ပန်းခြင်းတွေသည်ထင်မှတ်မထားလောက်
အောင်ဆိုးဝါးတတ်သည်။

ရှုတင်ပြီး၍မနက်ဖြန်တော့
တစ်ရက်နားပြီးအိပ်မယ်ဟုတွေးကာခြေကုန်လက်ပန်း
ကျအိမ်ပြန်လာစဉ် ဒီညလေယာဉ်နဲ့နိုင်ငံတစ်နိုင်ငံကို
ပြေးရဦးမယ်တဲ့။ဟန်လုပ်ထားသောမျက်လုံးလေး
တွေသည် ဇွတ်တောက်ပနေရပေမယ့်တကယ်တမ်း
သူပင်ပန်းလာ၍အရောင်တွေမှိန်လာသည်။

တစ်ခါတလေကျလည်းနားပစ်ချင်သည်။
ဝါသနာလေ ဒီနေရာရောက်ဖို့ဘယ်လောက်ရင်းနှီး
ထားရသလဲလို့ပြန်ပြန်တွေးအားတင်းခဲ့ရသည်။
တစ်စုံတခုကိုကြိုးစားပြီးတိုင်း
ပိရိသတ်တွေရဲ့လက်ခုပ်သံတွေကြားရတဲ့အခါ
အဓိပ္ပာယ်တွေကရှိလာပြန်သည်။
ဒီလိုပဲ သံသရာ....။

"အားလုံးစီစဉ်ပြီးပါပြီ လေယာဉ်ပေါ်တက်သွားရုံပဲ
ဘာမှမပင်ပန်းစေရပါဘူး ကတိ ကတိ.."

"ငြင်းလို့ရောရမှာလား..ဒါပဲနားညီးတယ်.."

ဖုန်းချလိုက်ကာ ကားမှန်ပြတင်းပေါက်ကို
ပျင်းတိပျင်းရွဲလေးမှီလျှက်ငြိမ်ငြိမ်လေး
အိမ်ပြန်လာနေသည်။

"ပင်ပန်းတယ်...နားချင်တယ်...အိပ်ချင်တယ်
တစ်ရက်လောက်လေး အိပ်ရေးဝတော့
ဘာဖြစ်မှာစိုးလို့လဲ....မလုပ်ချင်တော့ဘူး
ငါငိုချင်လာပြီ...."

စိတ်ထဲတိတ်တဆိတ်ငြီးငြူးလျှက်
ကားမှန်ကိုလက်ညိုးဖြင့်လိုက်ထိနေကာ
မင်းသားလေးမတက်ကြွနေပါ။

နှင်းဆီ ဒိုင်ယာရီ..🤍Where stories live. Discover now