🌹23🌹(Pt1)

9.6K 1.5K 772
                                    

"Jin...ဒီပြဿနာကိုရအောင်ရှင်းနော်
မင်းကိုဒီအလုပ်လုပ်ဖို့ခွင့်ပြုပေးခဲ့တာ
ဒီလိုနာမည်ပျက်ဖို့မဟုတ်ဘူး...!!!"

အဆင်သင့်ဖွင့်ပေးထားသော
အနက်ရောင်ကားကြီးပေါ်မှဖုန်းပြောရင်း
ဆင်းလာသူ၏မျက်နှာသည်အလွန်ခက်ထန်နေကာ
အနက်ရောင်နေကာမျက်မှန်တပ်ထားသောငြား
အလွန်သိသာနေပါ၏။

အင်တိုက်အားတိုက်
သတင်းထောက်အုပ်စုလိုက်ကြီးသည်
မင်းသားဆီပြေးဝင်လာတော့
လုံခြုံရေးတချို့နှင့်ကာကွယ်လျှက်အလွန်ပင်
ခက်ခဲစွာCompany ထဲသို့ဝင်လာခဲ့ရသည်။

အဖြူရောင်Shirtနှင့်ပေါ့ပါးသော
ဘောင်းဘီကိုတွဲဝတ်ထားကာ
မျက်နှာတော်ခပ်တင်းတင်းဖြင့်ဝင်လာပုံသည်
ရှင်း၍မနိုင်တော့သောပြဿနာတွေ၏
ပြယုတ်တစ်ခုလိုအလွန်ထိုင်းမှိုင်းနေသည်။

အဖေဖြစ်သူနဲ့အမေဖြစ်သူသည်
သူအနုပညာလောကထဲစဝင်ထဲက
ဒီလိုအဖြစ်မျိုးမကြုံဖူး၍လှမ်းဆူပူခြင်းသည်
လည်းမရပ်တန့်။
အလွန်ကိုပင်စိတ်ရှုပ်ထွေးနေရပါသည်။

Company ရုံးခန်းထဲဝင်သွားလိုက်တော့
CEOနဲ့အတူ Namjoon ပါရောက်နေ
ခြင်းအားတွေ့လိုက်ရတဲ့အခါ ဒေါသရောင်တွေ
ပိုလွှမ်းသွားခဲ့သည်။

"ရောက်လာပြီလား..."

"သူ့ကို ဘာကိစ္စခေါ်ထားရပြန်တာလဲ..."

"နှစ်ပတ်ကျော်လာပြီJin..ပြဿနာကရှင်းလေ
ရှုပ်လေပဲ....ဒီညနေပွဲကိုNamjoon နဲ့အတူတူ
တက်ပြီး အခြေအနေတွေအားလုံးကို
ရှင်းလိုက်တော့..."

"ကျွန်တော်ပြောပြီးသားနော်
ဘယ်တော့မှသူ့ကိုထုတ်မပြနိုင်ဘူး..
ဒီလောကနဲ့ သူနဲ့က လုံးဝမဖြစ်ဘူး...
အဆင်ပြေသလိုရှင်းလိုက် ကျွန်တော်
ဘာဖြစ်ဖြစ် အဆင်ပြေသလိုသာရှင်းလိုက်စမ်းပါ..."

"Jin!!!ငါတို့Company ရော မင်းရော
ထိပ်ဆုံးရောက်လာအောင်ကြိုးစားခဲ့ကြတာ
မင်း ပေါ့ပေါ့တန်တန်ဘယ်အထိတွေးနေမှာလဲ"

"ငါလည်းရှင်းနေတာပဲ ဒါပေမယ့်
ဓာတ်ပုံထဲမှာ မင်းမျက်နှာကြီးသေချာနေတာ
နေရာကClub ဒါကိုအချိန်တန်ရင်ပါးစပ်တွေ
ပိတ်သွားမှာပဲဆိုပြီး လုပ်လို့မရဘူး
သိက္ခာတရားဆိုတာရှိသေးတယ်"

နှင်းဆီ ဒိုင်ယာရီ..🤍Where stories live. Discover now