🌹10🌹

10.1K 1.8K 1K
                                    

"နေဝင်ချိန်တွေကိုကျွန်တော်သဘောမကျတတ်ပေမယ့်
နေဝင်ချိန်တစ်ခုက ကိုကို့ရီသံလွင်လွင်လေး
တွေကတော့ ဘဝတစ်လျှောက်လုံးမှာ
အမြတ်နိုးရဆုံးသော ဒြပ်မဲ့လေးတွေ...."

ဂျွန်.......။

3 Days Later......။

"ရင်ကျိုးရမှာသိရဲ့လား...တစ်ခုခုသာ
ဖြစ်သွားကြည့် ငါရူးရမှာပဲ
မင်းခုလို ထူထူထောင်ထောင်လေးဖြစ်လာတာ
ဘုရားသခင်က ငါ့အတွက်ပေးတဲ့အကောင်းဆုံး
လက်ဆောင်ပါပဲ သူငယ်ချင်းရာ...."

အိပ်ရာထဲတွင်နှစ်ရက်လောက်အပြင်းဖျားခဲ့ပြီး
သုံးရက်မြောက်နေ့တွေအနည်းငယ်သက်သာ
လောသောကလေးလေးသည် ဖြူဖြူဖျော့ဖျော့လေး။

ခေါင်းအုံးတွေက်ိုမှီပြီးထိုင်နေကာ
လူသည်မလှုပ်နိုင်သေးပါ။
လက်ထဲတွင်Iron manရုပ်လေးကိုင်ထားလျှက်
ဘေးနားတွင် ထိုင်အော်နေသော ကင်ချီကောင်လေး
ကို စိုက်ကြည့်နေသည်။

"မင်း မနိုးလာတဲ့၂ရက်အတွင်းရူးသွား
ရင်ကောင်းလိမ့်မယ်လို့တွေးခဲ့တာ
နောက်တစ်ခါ မတော်တဆတွေမဖြစ်ပါနဲ့တော့
Kookie ရာ HoseokHyungလည်း အရမ်းစိုးရိမ်
သွားရမှာပဲ....နော် ..နော်...."

KimTaeHyung သည် နေမကောင်း၍
ထမချနိုင်တာကို အခွင့်ကောင်းယူတဲ့
အကြံအဖန်သမားတစ်ယောက်ဖြစ်တာ
အထင်မှားစရာမရှိ။သူနေမကောင်း၍
ဝမ်းနည်းပက်လက်ဖြစ်ပါတယ်ဟု အော်နေပြီး
Hoseokie ပုခုံးတွေက်ိုမျက်နှာအပ်ကာ
Drama ရှယ်ချိုးနေသည်။

သူငယ်ချင်းအရင်းကြီးတွေရဲ့ပြဿနာသည်
ပါးစပ်ဟလိုက်တာနှင့်ဘယ်ဇာတ်ကတော့မည်
ဆိုတာတန်း၍သိနေခြင်းဖြစ်သည်။
အရုပ်ကိုင်ထားသောလက်တွေသည်ယားနေပါပြီ။

ချစ်ဖို့ကောင်းလွန်းတယ်....။
Hyungပုခုံးလေးကိုကလေးလေးလို
မှီချ ဝမ်းနည်းပြနေခြင်းတွင်Hyungဖယ်စမ်းလို့
မပြော။မွှေးပျံ့လွန်းလို့ လူနာကိုတခြားအခန်း
ခဏသွားခိုင်းကာ နမ်းပစ်လိုက်ချင်တဲ့အထိပဲ။

ပုခုံးလေးကိုမှီကာငိုချင်ယောင်ဆောင်နေရင်း
မှအသာလေးခိုးကြည့်မိတော့ စိမ်းမြမြလည်တိုင်က
သွေးကြောလေးတွေ.....။

နှင်းဆီ ဒိုင်ယာရီ..🤍Where stories live. Discover now