🌹Part34🌹(Part1)

5.7K 860 141
                                    

"ခရီးကပြန်လာထဲကNamJoonတို့
ငါ့အ်ိမ်ကကိုမပြန်တော့ဘူး
မနေ့ကလည်းမပြန်ဘူး ဒီနေ့လည်းမပြန်ဘူး
ရုပ်ရှင်မင်းသားတစ်ယောက်ရဲ့လျှ်ို့လျှို့ဝှက်ဝှက်
နေရတဲ့ဘဝထဲအတင်းကြီးကိုတိုးဝင်နေတော့တာပဲ..."

"ဒီ နေ့ ပြန်လိုက်မယ်လေ....Hyungအနှောက်အယှက်
ဖြစ်နေမှန်းကျွန်တော်အရိပ်အကဲမသိလိုက်တာ"

ခရီးကပြန်လာပြီးထဲကJoonဟာအမြဲလိုလို
မင်းသားနဲ့အတူတူရှိနေသည်။ရှုတင်တွေကိုလည်း
ရှိသမျှအားလုံးလိုက်ကာကားထဲတစ်နေကုန်ဆိုလည်း
တစ်နေကုန်စောင့်ပေးသည်။ပြန်လာပြန်တော့လည်း
Jackson အိမ်ကိုမပြန်ချင်။မင်းသားလေးအိမ်မှာ
ပဲနေလိုက်သည်။

မင်းသားလေးကလည်းညတိုင်း ၇နာရီကျော်တာနှင့်
အလွန်အမင်းနောက်ကျနေပြီဖြစ်ကြောင်း
ဒီညတော့အိမ်မှာ အိပ်လိုက်တော့အိပ်လိုက်
တော့နှင့်Joonနှင့်မခွဲတော့ပါ။

Joonကိုယ်တိုင်ကလည်းမခွဲချင်တော့တာ။
အမွှေစိန်လေးတို့အိမ်လေးထဲအတူတူစား
အတူတူနေ တကယ့်ချစ်သူ့ရည်းစားတွေလို
နေခဲ့ရတော့အဲ့ဒီသာယာပျော်ရွှင်မှုအပေါ်
လူရည်ချွန်ကြီးကအရူးအမူးဖြစ်လာကာ
ကိုရီးယားပြန်ရောက်တော့လည်းထိုMoodအတိုင်း
ဆက်ချင်ခဲ့သည်။

မင်းသားလေးကတော့ သူ့လိုမဟုတ်နိုင်။
တစ်နိုင်ငံလုံးကိုလိမ်ထားရသောကိစ္စကြောင့်
သဏ္ဍာန်လုပ်သရုပ်တူအောင်
နေပေးနေခြင်းဖြစ်လိမ့်မည်။

အစကတော့ အမှားကိုတာဝန်ယူချင်ခဲ့တာ
ဒါပေမယ့်KimSeokJinလိုလှလှလေးနဲ့နေ့ရက်တွေ
ကိုနီးကပ်စွာထပ်ခါထပ်ခါဖြတ်သန်းလာရတော့
ဘဝကြီးကိုပါတာဝန်ယူချင်စိတ်ဖြစ်လာတာ
ဆန်းတော့လည်းမဆန်းခဲ့။KimSeokJin
ဖြစ်နေခဲ့တာကို။

"အရိပ်အကဲမသိတာတော့အမှန်ပဲ...."

ရေချိုးပြီးညစာစားရန်ဆင်းလာတော့
Joonကအားလုံးပြင်ပြီးနေပြီ။နှစ်လိုဖွယ်
စားစရာတွေကိုပြုံးပြုံးလေးလိုက်ကြည့်ကာ
မင်းသားလေး၏ပါးလေးနှစ်ဖက်သည်
ပန်းနုရောင်သန်းနေလျှက်။

"တစ်နေကုန်ဘယ်လိုပင်ပန်းပင်ပန်း
ဒီညစာလေးစားရတော့လည်းပင်ပန်းသမျှ
အားလုံးလွင့်ကုန်တာပဲ....."

နှင်းဆီ ဒိုင်ယာရီ..🤍Where stories live. Discover now