🌹5🌹

13.3K 2.1K 1.2K
                                    

"ကိုကိုက အနံ့မရှိတဲ့ပန်းတွေကိုသိပ်မကြိုက်ကြောင်း
ရိုးရိုးသားသားဝန်ခဲ့ဖူးတယ်
ပန်းတွေဆို အပင်မှာဖူးပွင့်နေတာကိုပဲ
သဘောကျကြောင်း
မခူးလိုက်ချင်ကြောင်းတွေလည်းပါတာပေါ့...
က်ိုကို လိမ်တယ်....
ကိုကိုကသက်ရှိနှင်းဆီလေးကျ မညှာမတာ
ခူးပြီး ရူးအောင်နမ်းပစ်ခဲ့တယ်...ကိုကိုဆိုးတယ်....."

ဂျွန်..............။

.................။

"Dating Newနဲ့ပတ်သတ်ပြီး SeokJin
အနေနဲ့ဘာများဖြေရှင်းချက်ပေးချင်သေးလဲ...."

ကျောင်းသွားရန် အိတ်ကိုလွယ်ကာ
အောက်ထပ်ကိုဆင်းလာတော့TVတွင်
သူသဘောကျအားပေးရသော
နာမည်ကြီးရုပ်ရှင်မင်းသား၏Dating New
ကိစ္စလာနေသည်။

Dating Newဆိုတော့လည်းစိတ်ဝင်စားစရာ
မို့မျက်မှန်သေချာတပ်ကာခဏတော့
ကြည့်ရန်စဉ်းစားပြီးအသံနည်းနည်းချဲ့လိုက်သည်။

"ရှင်းစရာမရှိပါဘူး...ကျွန်တော်တို့Company
ကိုယ်စီကငြင်းပြီးပြီပဲဟာ ဒါက မေးခွန်းလား..."

ဆိုဖာပေါ်တွင်ခြေထောက်တွေကိုစတိုင်ကျကျ
ချိတ်လျှက် လျှမ်းလျှမ်းတောက်ရုပ်ရှင်မင်းသား
ပီပီ ဟန်ဆောင်ပန်ဆောင်အပြုံးပါးပါးဖြင့်
ဒဲ့စော်နေပုံသည် မိုက်၏။

ပြီးခဲ့သော Dramaသည်အရမ်းကိုအောင်မြင်ခဲ့ကာ
အကောင်းဆုံးActor ဆုကိူပူပူနွေးနွေးရထားသူမို့
Interview တွင်ဆုနှင့်ပတ်သတ်တာပဲမေးစေချင်
ကြောင်းမင်းသားက တစ်ဖက်လှည့်နှင့်ပြနေသည်။

"ငြင်းပြီးမှလည်းပိရိသတ်တွေသိရတာလည်း
ခဏခဏဖြစ်နေတော့...."

"ကျွန်တော်ကိုယ်တိုင်တောင်ငြင်းပြီးမှသိရတာ
တစ်ခါတစ်လေဆိုစော်ကားတာမျိူးမဟုတ်ပေမယ့်
ကိုယ်နဲ့Dating ထွက်တဲ့သူကိုထွက်မှပထမဆုံး
မြင်ဖူးပြီး သိတာမျိုး......"

နှုတ်ခမ်းတွေကိုလက်ဖြင့်အုပ်ကာအလွန်ကြည့်
ကောင်းစွာရီသူသည် တစ်နိုင်ငံလုံးက
မိန်းမပျိုလေးတွေရဲ့နှလုံးသားတွေကိုပိုင်ဆိုင်ထားတဲ့သူ
KimSeokJin ပင်ဖြစ်သည်။

နှင်းဆီ ဒိုင်ယာရီ..🤍Where stories live. Discover now