အခန်း (30)လူငယ်ပြုစုပျိုးထောင်ခြင်းလက်စွဲ

5.2K 798 11
                                    

ရှဲ့ဟယ်ရဲ့ ခြေလှမ်းတွေရုတ်တရက်တုံ့ဆိုင်းသွားပြီး တစ်ကိုယ်လုံး တောင့်တင်းနေတယ်....မျက်နှာပေါ်မှာလဲ ထိတ်လန့်ကြောက်ရွံနေတဲ့ အမူအရာတွေပေါ်ထွက်လာတယ်....

လီဟုန်ရွမ်း ​ရောက်နေမှန်း အယ်လန်အစောကြီးကတည်းက သိတယ်....သူကိုယ်တိုင် နမ်းချင်နေတဲ့အပြင် လီဟုန်ရွှမ်းကိုမြင်စေချင်တာလဲပါတယ်....

အယ်လန်မျက်ခုံးပင့်လိုက်ပြီး အခုမှတွေ့တဲ့ပုံနဲ့....

"အော် အားရွှမ်းပဲ...ဘယ်တုန်းကရောက်နေတာလဲ??"

ပိုက်ထားတဲ့လက်ကို ဖြေချလိုက်ပြီး လီဟုန်ရွှမ်း တစ်လှမ်းချင်း လှမ်းသွားလိုက်ပြီး မပြောမဆိုနဲ့ လက်သီးနဲ့ ထိုးပစ်လိုက်တယ်....

အယ်လန်ကလဲ လွယ်လွယ်နဲ့သွားရှုပ်လို့ရတဲ့သူမျိုးမဟုတ်ပေ...လီဟုန်ရွှမ်းရဲ့ပင်ကိုစရိုက်ကို ကောင်းကောင်းသိထားတဲ့အတွက် ရှောင်တိမ်းလိုက်နိူင်တယ်...သို့ပေမယ့် ပြင်းထန်လှတဲ့ လက်သီးချက်က သူ့ပါးပြင်ကို ပွတ်ဆွဲသွားတယ်....ဒါ့ကြောင့် မျက်ဝန်းတွေကို မှေးကျဉ်းလိုက်ပြီး အေးစက်နေတဲ့လေသံနဲ့မေးလိုက်တယ်...

"မင်း ငါနဲ့ ရန်ဖြစ်ချင်နေတာလား??"

လီဟုန်ရွှမ်းကလဲ ဓားတစ်လက်လိုထက်ရှတဲ့အကြည့်နဲ့ပြန်ကြည့်ပြီး ရေခဲတမျှအေးစက်တဲ့လေသံနဲ့ပြန်ဖြေတယ်....

"သတိပေးတာ.."

အယ်လန်က ပုခုံးတွန့်ပြလိုက်ပြီး လှောင်ပြောင်တဲ့လေသံနဲ့....

"အိုး...မင်း​ ငါ့ကို ဘာအကြောင်းပြချက်နဲ့သတိပေးရတာလဲ ..မင်းတို့နှစ်ယောက်က ဘာတွေလဲ...??"

အယ်လန်က လီဟုန်ရွှမ်းကို မမှိတ်မသုန်စိုက်ကြည့်ပြီးတစ်လုံးချင်းစီရေရွတ်လိုက်တယ်...

"မင်းရဲ့ ချစ်သူလို့တော့လာမပြောနဲ့နော်..."

ဒီစကားလုံးတွေထဲမှာ အဓိပ္ပါယ်တွေပြည့်နှက်နေတယ်.....

သူတို့လို သခင်လေးတွေအတွက် playboy ဆန်ဆန်ပြုမူနေတာ အရေးမကြီးပေမယ့် အတည်တကျ လက်တွဲဖော်ရွေးတော့မယ်ဆို မိသားစုရဲ့ ခွင့်ပြုချက်က အင်မတန် အရေးပါပါတယ်....ပြောချင်တဲ့သဘောက အယ်လန်မပြောနဲ့ လီဟုန်ရွှမ်း လို ထင်ရာစိုင်းတတ်သူတစ်ယောက်ဖြစ်နေရင်တောင် ဆရာ့ကို တရားဝင်လက်တွဲဖော်အဖြစ် အဆင့်တန်းသတ်မှတ်ပေးဖို့မဖြစ်နိူင်ပါဘူး....လီဟုန်ရွှမ်း ဒီမေးခွန်းကို ပြန်မဖြေနိုင်မှန်း အယ်လန်သိတာပေါ့..ဒါဆို လီဟုန်ရွှမ်း ကလဲ သူ့လိုပဲ မထူးမခြားနားစွာနဲ့ ဆရာ့ကို ကစားနေတယ်ဆိုတာ ဆရာနားလည်သဘောပေါက်သွားပါလိမ့်မယ်....သူ့တို့နှစ်ယောက်စလုံး အတူတူနဲ့အနူနူပဲလေ....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now