1

115K 3.6K 98
                                    

Unicode



"ခြိန်း~ မင်းလက်ကိုအငြိမ်နေစမ်း"

"အဟင်း! ခင်ဗျားဘဲ ခုနလိုချင်နေတာ မဟုတ်ဘူးလား"

"မာန်ဝဏ္ဏခြိန်း!"

"အိုကေ အိုကေ!! ခင်ဗျားကလဲဗျာ စိတ်ချည်းဘဲ ကျုပ်ကခင်ဗျားလိုချင်တယ်ဆိုလို့ စေတနာနဲ့လဲ ကူညီရသေးတယ်"

"မလိုဘူး!"

"ဒါဆို ကျုပ်ပြန်တော့မယ်"

"မသွားနဲ့"

ထိုင်ခုံက ထရပ်လိုက်တဲ့ မာန်ဝဏ္ဏခြန်းအား မင်းစစ်ကုဋေ ဟန့်တားလိုက်သည်။

"ဟ့! ခင်ဗျားဘာဖြစ်ချင်တာလဲ ကျုပ်ကိုခေါ်လို့လဲ လာရသေးတယ် ဒီကြလဲ ခေါ်ပြီး ဘာမှမလုပ်ခိုင်းဘူး ပြန်မယ်ဆိုတော့လဲ မသွားနဲ့ဆိုတော့ ကျုပ်ကဘာလုပ်ရမှာလဲ"

"ကျစ်! ငါနဲ့မှ တူတူပြန်မယ် အခုငြိမ်ငြိမ်လေးထိုင်နေ"

"ခင်ဗျား! ကျုပ်ရဲ့ တာဝန်က ခင်ဗျားလိုရင် ပြုစုပေးဖို့ဘဲ! အခုခင်ဗျားမလိုဘူးမလား ကျုပ်မှာ အလုပ်တွေ ရှိသေးတယ် "

မင်းစစ် ဒီသကောင့်သားကို စိတ်မရှည်တော့ စားပွဲခုံအား လက်နဲ့ရိုက်ချပစ်လိုက်ပြီး ထရပ်လိုက်ကာ ခြိန်း၏ မျက်လုံးတည့်တည့်ကို စိုက်ကြည့်ပြီး ပြောချပစ်လိုက်သည်။

"မင်း ဘာသောက်ချိုးချိုးနေတာလဲ ခြိန်း!"

"ကျုပ်ဘာတွေ လုပ်နေလို့လဲ"

"မင်းနဲ့ငါ စာချုပ်ချုပ်ထားတာ မင်းမမေ့သေးဘူးမလား"

"ဟုတ်တယ်လေ အဲ့တာဘာဖြစ်လို့လဲ"

"ဒါဆို ငါ့နောက်ကွယ်မှာ ဘာကိစ္စ -ီးသရမ်းတာလဲ"

"ဟမ်! ခင်ဗျားဘာတွေလာပြောနေတာလဲ မင်းစစ်ကုဋေ "

"ငါမေးတာ အရင်ဖြေစမ်း မာန်ဝဏ္ဏခြိန်း!"

"ကျုပ်ဘာမှ -ီးမသရမ်းဘူး သရမ်းလဲ ခင်ဗျားထဲဘဲ ထည့်မှာ မင်းစစ်ကုဋေ ကျုပ်ကို လေသံမာတွေနဲ့ လာမအော်နဲ့"

မင်းစစ် ဒေါသတွေက ဒီဂရီအမြင့်ဆုံးကို ရောက်လာရ၏ ကိုယ်တွေ့ခဲ့မြင်ခဲ့တာတွေကဘဲ လုပ်ယူထားသလိုနဲ့ ပြန်ချေပနေတာကြောင့် အင်္ကျီကော်လံကို ဖိဆွဲပစ်လိုက်ပြီး အံကြိတ်ပြောပစ်လိုက်တယ်။

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Kde žijí příběhy. Začni objevovat