14

32K 1.8K 17
                                    

Unicode



"မာန်ဝဏ္ဏခြိန်း!!! "

"ဘာလဲကွာ"

"မင်း ငါ့ခုနထုတ်ထားတဲ့ အိင်္ကျီကို ဘာလုပ်လိုက်တာလဲ "

"ကျုပ်ဘယ်သိမလဲ"

"မာန်ဝဏ္ဏခြိန်း! "

"ကျုပ်ကိုလာမအော်နဲ့! "

"ငါအခု အရေးကြီးကိစ္စ သွားရမယ်ဆိုတာ မင်းနားမလည်ဘူးလား ခြိန်း! "

"ဟိုအကောင်နဲ့ သွားတွေ့မှာကို အရေးကြီးကိစ္စလို့ ခင်ဗျားပြောလိုက်တာလား ဟမ်! မင်းစစ်ကုဋေ!"

"သူ့က ငါ့ငယ်သူငယ်ချင်းကွ! "

"ငယ်သူငယ်ချင်းက အဲ့လောက်ထိ စောက်ရေးပါနေတာလား ဟမ်! "

"ခြိန်း ငါအခုသွားမှာ ကုမ္ပဏီကိစ္စနော် ရှယ်ယာရှင်တွေတွေ့ဆုံပွဲ သွားမှာ ငါသူနဲ့သွားတွေ့တာမဟုတ်ဘူး ငါ့ကိစ္စနဲ့ ငါသွားတာ"

"အဲ့တာဆို ကျုပ်လဲလိုက်မယ်"

မာန်ဝဏ္ဏခြိန်းက သူ့ကိုရစ်ချင်နေတာဘဲ ။ စိုင်းတခေတ်နဲ့ အလုပ်တွဲလုပ်မယ်ဆိုတာ သိပြီးတည်းက အမြဲအငြင်းအခုန်ဖြစ်နေရသည် ။ အခုလည်း ရှယ်ယာရှင်တွေ့ဆုံပွဲသွားမှာကို စိုင်းတခေတ်ပါလို့ဆိုပြီး တားနေခြင်းပေ ။ ဒီကောင်နဲ့ သူဆိုတာကလည်း ငယ်ငယ်ထဲက ပုခုံးဖက်ပေါင်းနေတဲ့ သူငယ်ချင်းတွေ ဖြစ်သည် ။ ဒါကို ခြိန်းက ဘာတွေအမြင်မကြည်ဖြစ်နေမှန်း မင်းစစ်မသိ ။

"မရဘူး....ခြိန်း"

"ဒါဆို ခင်ဗျားပြော! ဘာလို့မရတာလဲ "

"ငါတို့က...."

"ပြီးရော ခင်ဗျားသွားချင်နေရင် ကျုပ်လဲမတားဘူး ကျုပ်ကိုလဲ လာမတားနဲ့"

"မင်းဘာလုပ်ဦးမလို့လဲ ခြိန်း! "

"ကျုပ်လုပ်ချင်တာ လုပ်မှာပေါ့ ခင်ဗျားနဲ့ဆိုင်လား"

"မာန်ဝဏ္ဏခြိန်း!!! "

"ပြောကြည့်လေ ကျုပ်ကို"

"ထားလိုက်တော့ ငါသွားမှဖြစ်မှာ မင်းလျှောက်လုပ်နေလဲ နောက်ကငါလိုက်ရှင်းပေးမှာ မဟုတ်ဘူး "

"ဒါတော့ ခင်ဗျားအပိုင်းဘဲလေ ကျုပ်တစ်ခုခုဖြစ်တောင် လာမကြည့်လဲရတယ် မလိုပါဘူး ဟက်! "

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Where stories live. Discover now