32

25.4K 1.4K 25
                                    

Unicode




ပေတရာမှာ တစ်ရွေ့ရွေ့ပြေးလွှားနေသော ကားအနီတစ်စီးသည် အရှိန်သည်ကာ မောင်းသူ၏စိတ်ကဲ့သို့အရှိန်ပြင်းထန်လျက် ။ စိတ်ကနာမငြိမ်ဖြစ်နေရျ် ကားစီရာတိုင်ရှိလက်တို့က တုန်ယင်နေပြီး ရင်ဘတ်တစ်စုံကတင်းကြပ်မှာကို ခံစားနေရသည် ။

ဟောင်းနွမ်းနေပြီဖြစ်ခါ လက်နှင့်လုံးချေခံထားရသော ဓာတ်ပုံဟောင်းလေးထဲရှိ လူ၏ပုံရိပ် ။ ထိုသူသည်ကာ ခြိန်း၏အဖေ ဦးဟန်စိုးထွဋ် ဖြစ်၏ ။

ဖေဖေ၏ သိပ်ချစ်ရပါသော ချစ်ရသူတစ်ဖြစ်လည်း ခြိန်း၏အဖေဟာ အပြင်မှာ အနောက်တိုင်းဆန်လှ၏ မျက်နှာသွင်ပြင်သည်ကာ ခြိန်းနှင့်လည်း အတော်လေးဆင်တူပေသည် ။

ခြိန်းသည် စကားပင်မဆိုနိုင်လောက်အောင် သူ့ရင်ဘတ်တစ်ခုလုံးတင်းကြပ်နေခဲ့သည် ။ တွေ့ခွင့်ရှိပါ့မလားဟူရျ် သူမျှော်လင့်ချက်မဲ့ခဲ့ဖူးသော သူမှာခြိန်းအရှေ့တည့်တည့်မှာရပ်နေခဲ့သည်လေ ။

တုန်ယင်နေသောလက်တို့အပြင် မျက်ဝန်းထဲရှိအရည်ကြည်များလဲ့လာသည်မို့ အမြင်အာရုံများ ဝေဝါးလာသည် ။ သူကိုယ်တိုင်တွေ့ချင်နေခဲ့သောလူကို တွေ့ရပြန်တော့လည်း ခြိန်းသတ္တိမဲ့စွာ နောက်လှည့်ပြေးပြန်ခဲ့ရသည့်အဖြစ် ။

"ကလေးတို့ရဲ့ အဖေကချောတယ်မလား''

ပုံဟောင်းလေးတွင်ရှိသော ဖေဖေ၏လက်ရေးလှလှလေးက အဖေအား ချီးကျူးထားလေသလား ။ သားသမီးတွေကိုပင် အဖေ၏ချောမောမှုကို ကြွားဝါချင်ပုံပေါ်တဲ့ဖေဖေပါလေ ။

"လွမ်းတယ် ဖေဖေရာ အဟား....!''

လမ်းဘေးတွင်ကားထိုးရပ်လိုက်ပြီး အပြင်ထွက်ကာ ဆေးလိပ်မီးငြှိရျ် နှုတ်ခမ်းမှာတေ့လိုက်သည် ။ ညနေစောင်းနေပြီဖြစ်ခါ သူရှိနေသည့်နေရာမှာ လူအတော်လေးရှင်းနေသည် ။

လေတစ်ဝေ့ဝေ့နှင့် သူ့ဆံသားအိအိတွေမှာလည်း ထိုးထိုးထောင်ထောင်တွေဖြစ်ကာ လေပင့်ရာယိမ်းယိုင်လျက် ။ အတွေးပင်လယ်စီ ကိုယ်တိုင်လွင့်မျောရင်း နောက်ဆုံးဦးတည်ရာမှာ....

မင်းစစ်.....! ဟုတ်တယ် သူ၏ကိုကို

လက်ထဲက ဆေးလိပ်တိုကို အောက်သို့ပစ်ချရျ် ဖိနပ်ဖြင့်နင်းချေကာ မီးငြိမ်းစေလိုက်သည် ။ ထို့နောက် ကားထဲကိုဝင်လိုက်ပြီး သူ့၏ဦးတည်ရာလေးစီသို့......

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Where stories live. Discover now