34

24.3K 1.4K 14
                                    

Unicode



"မင်းစစ်.....''

"ဘာလဲ....စိုင်း''

"မင်းအိမ်ပြန်နားရင်နားလေကွာ ငါအန်ကယ့်ကို ကြည့်ထားပေးမယ်''

"ရပါတယ် စိုင်းရယ် ''

"မင်းပုံစံကြည့်ရတာ ငါအားမရဘူး မင်းစစ်ရာ အစားလဲမမှန် ၊ အလုပ်နဲ့ဒီလဲ ပြေးနေရသေးတယ် ကြာရင်မင်းပါလဲလိမ့်မယ်ကွ!''

"ဟင့်အင်း ငါမလဲပါဘူး''

"မင်းသူ့ကို လွမ်းနေတာလား''

"မဟုတ်ပါဘူး ငါကဘာလို့သူ့ကို လွမ်းရမှာလဲ စိုင်း ၊ ငါ့အပေါ်လှည့်စားသွားတဲ့ကောင်ကို ငါကဘာလို့လွမ်းနေရမှာလဲ''

"အဲ့ကောင်ကို ငါကြည့်မရတာ မှန်ပေမဲ့ သူကလဲမင်းကို တကယ်ချစ်ရှာပါတယ်''

"ဟက်!''

ဒေါက်.....ဒေါက်.....ဒေါက်......

နောက်ကတံခါးခေါက်သည့်အသံကြောင့် မင်းစစ်ကစိုင်းကို ဖွင့်ပေးဖို့ အချက်ပြလိုက်သည် ။ စိုင်းတံခါးဖွင့်လိုက်တော့ ရှေ့မှာရပ်နေသူက မင်းစစ်အား နားထင်ကြောများ ထောင်ထလာစေသည် ။

"ခင်ဗျား!!!''

"ငါတို့ စကားနည်းနည်းလောက် ပြောရအောင် မင်းစစ်ကုဋေ''

"ခင်ဗျားနဲ့ ဘာစကားကမပြောချင်ဘူး ဒေါ်ထိပ်ထားစံရဲ့ ဒီကိုတောင်ခင်ဗျားက အရှက်မရှိလာရဲသေးတယ်!''

"မင်းမပြောချင်လဲနေလေ မင်းအဖေနိုးလာမှဘဲ ပြောရတော့မှာပေါ့ ''

"ခင်ဗျား!!!''

"အဟက်!''

"ကျစ်! စိုင်းငါ့အဖေကို ကြည့်ထားပေး''

"အေးအေး... ကြည့်ထားပေးမယ်''

ထို့နောက် ထိုမိန်းမခေါ်သွားသော ကော်ဖီဆိုင်ကို မင်းစစ်လိုက်သွားဖြစ်သည် ။ ဘာကိစ္စမှ မင်းစစ်မပြောချင်ပေမဲ့ သူမမျက်နှာမြင်ရင် ဆွဲထိုးချင်စိတ်က အတော်လေးဆိုးရှာနေပြီ ။

ဆိုင်ထဲတွင် ဂျောင်ကျကျနေရာတစ်ခုကို ရှာပြီး ထိုင်ဖြစ်ကြသည် ။ မင်းစစ်က သူမ၏ မျက်နှာကိုမမြင်ချင်တာကြောင့် ဘေးသို့မျက်နှာ လှည့်ထား၏ ။ သူမကတော့ အိတ်ထဲက စာရွက်ကို မင်းစစ်ထံတိုးပေးလိုက်ပြီး စကားလမ်းစ၏ ။

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Where stories live. Discover now