7

41.8K 2.3K 54
                                    

Unicode

မင်းစစ်.....  ခြိန်းဆိုတဲ့ကောင်စီ မရောက်ခဲ့တာ တစ်ပတ်တောင် ကြာခဲ့ပြီ ။ ဒီကောင်လေး သူ့ကိုမှသတိရနေပါရဲ့လား ။ ခြိန်းအကြောင်းကို မင်းစစ် ဒီကနေနေ့စဥ်သိနေရပေမဲ့ ခြိန်းဆိုတဲ့ကောင်က သူ့ကိုတောင် သတိတရရှိမနေခဲ့ ။ ခြိန်းလိုကောင်က သူ့ကိုလွမ်းမှာတဲ့လား သူမရှိလို့ ပိုတောင်အဆင်ပြေနေလိမ့်မည် ။

ကိုယ့်ဘာသာတွေးချင်ရာတွေးပြီး ကိုယ်ကိုယ်တိုင်ဘဲ ဝမ်းနည်းနေရပြန်ပါသည် ။ အချစ်ကို ဘယ်လိုတွေများ လူကိုးကွယ်မိသွားခဲ့တာပါလိမ့် ။ သူကိုးကွယ်မှုဟာ မာန်ဝဏ္ဏခြိန်းတစ်ယောက်ထဲသာ ဖြစ်၏ ။

ဖုန်းမြည်သံကြောင့် နံပါတ်ကို ကြည့်လိုက်မိတော့ သူ(မင်းစစ်) ၏ဖခင်ဖြစ်သူ မင်းစစ်ခမ်းလျှံ, ဖြစ်၏။

"ဘာကိစ္စလဲ"

"..........''

"ဟက်! ကျွန်တော့်ဘက်က ကူညီပေးနိုင်မယ် မထင်ဘူး ဦးမင်းစစ်ခမ်းလျှံ"

"..........''

"ဦးမင်းစစ်ခမ်းလျှံလို သန်းကြွယ်သူဌေးကြီးတစ်ယောက်ကတောင် ကျွန်တော့်လို ဘာမဟုတ်တဲ့ကောင်စီ အကူအညီတောင်းခံနေတယ်ဆိုတော့ ဘာလဲ ခင်ဗျား မယားငယ်တွေဖို့ အမ်းစရာမရှိတော့လို့လားဗျ ဟွန်း!"

".........''

"ကောင်းပြီလေ ကျွန်တော်ခင်ဗျားကို ဒီတစ်ခါတော့ ကူညီပေးလိုက်မယ် ကျုပ်အမေမသေခင်က ပြုစုပေးခဲ့တာတွေအတွက်ပေါ့"

လက်က iphone 14 proကို အလုပ်စားပွဲပေါ် ဆောင့်ချလို့ ဆေးလိပ်တစ်လိပ်ကို ယူပြီးဖွာနေလိုက်သည် ။ ဆေးလိပ်က လူကိုဆိုးကျိုးပေးတယ်တဲ့ ဒါပေမဲ့ ဒီဆေးလိပ်တွေထက် ဘေးနားက လူတွေကပိုလို့ ကြောက်စရာကောင်းသည် ။ ဖခင်ကိုယ်တိုင်ကတောင် သူ့ရဲ့ စီပွားရေးလုပ်ငန်းတွေကို လုယူချင်နေသည် ။

ဦးမင်းစစ်ခမ်းလျှံဆိုတာ မင်းစစ်ကုဋေ၏ အဖေအရင်းဖြစ်သည် ။ သားအရင်းကိုတောင် လိုက်ပြိုင်ဆိုင်ချင်နေတဲ့ အဖေရဲ့ စိတ်မျိုးကိုတော့ မင်းစစ်ချီးမကျူးဘဲ မနေနိုင်တော့ ။ မိခင်ဖြစ်သူ ဒေါ်နီလာခင် ရှိစဥ်တည်းက မပြေလည်ခဲ့သည့် သားအဖဆက်ဆံရေးက အခုဒေါ်နီလာခင် ဆုံးပြီးမှာတော့ လုံးဝကို ပျက်ပြားသွားချေပြီ ။  အခု သူ့အဖေမှာ ဒေါ်မိုးထိပ်ထားစံဆိုသော အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ထားသေးသည် ။ မင်္ဂလာပွဲမှာတောင် သားဖြစ်သူကို မဖိတ်ကြားရဲသည့် အဖေဖြစ်သူအား မင်းစစ်တို့လှောင်ရယ်မိပါသည် ။

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Where stories live. Discover now