6

44.5K 2.4K 33
                                    

Unicode

Warning!

...

"-ီး! လိုဘဲ စောက်သုံးကိုမကျဘူး"

မင်းစစ်အလုပ်စားပွဲပေါ်က လက်ကျန်စာရင်းတွေစစ်ရင်း ကုတင်ပေါ်မှာ ဂိမ်းထိုင်ဆော့နေတဲ့ ခြိန်းကို မျက်စောင်းလှမ်းထိုးမိသည် ။ ကိုယ်ကတော့ ဒီမှာအလုပ်တွေလုပ်လို့ သူကတော့ နားကန်းအောင်အော်ပြီး ဂိမ်းဆော့နေတယ် ။ စိတ်ရှိလက်ရှိသာ ပြေးကန်လိုက်ရရင်ဖြင့် မင်းစစ်ကုဋေတို့က အနိုင်ကျင့်ပါတယ် ပြောခံရအုံးမည် ။

"ဟာ...ဟာ...ဘယ်သွားတာလဲ လာလေကွာ -ီးဘဲ!!!"

"ခြိန်း! မင်းဂိမ်းဆော့မယ်ဆိုလဲ အပြင်ထွက်ဆော့စမ်းကွာ ငါဒီမှာအလုပ်လုပ်လို့မရလို့"

"ခင်ဗျားမရရင် ခင်ဗျားထွက်ပေါ့ ကျုပ်ကတော့ထွက်မပေးနိုင်ဘူး"

"ကျစ်!"

မင်းစစ်စိတ်ရှုပ်စွာနဲ့ဘဲ ခြိန်းရှိရာဘက်ကို လျှောက်လာခဲ့ပြီး လက်ထဲကဖုန်းကို ဆွဲလုလိုက်တော့သည် ။

"ဟာ....မင်းစစ် ခင်ဗျားဘယ်လိုဖြစ်နေတာလဲ ပြန်ပေးစမ်းပါကွာ ရှုံးလိမ့်မယ်ကွ"

"ငါမင်းကို ဘယ်နှစ်ခါပြောထားလဲ ခြိန်း! ငါအလုပ်လုပ်နေတဲ့အချိန် ငါ့ရှေ့လာမဆူဖို့ ပြောမထားဘူးလား ဟမ်!!!"

"ဟ! ဒီမှာ မင်းစစ်ကုဋေ ဒါကျုပ်အိမ်၊ ကျုပ်အိပ်ရာ ၊ ကျုပ်အိပ်ရာပေါ်မှာ ကျုပ်ဆော့တာ ခင်ဗျားကိုဘာလုပ်နေလို့လဲ"

"ဒီတိုက်ခန်းက မင်းကိုငါအမ်းထားတာ အဲ့တော့ငါပိုင်တယ် ဒါကြောင့်မလို့ ငါ့အိမ်မှာနေရင် မင်းငါ့စကားနားထောင်ရမှာဘဲ ခြိန်း!"

"ခင်ဗျားက....ကျုပ်ကိုဟိုဟာလဲ ခွင့်မပြု ဒီဟာလဲခွင့်မပြုနဲ့ ခင်ဗျားအရမ်းလွန်နေပြီ ရတယ် ကျုပ်ဒီမှာမနေဘူး"

ကုတင်ပေါ်ကနေဆင်းပြီး အပြင်ထွက်ရန်ချောင်းနေသော ကောင်စုတ်အား မင်းစစ် ဂုတ်ကနေဆွဲလို့ မွှေ့ရာပေါ် ပြန်တွန်းချလိုက်သည် ။ အလကားသက်သက်အပြင်ထွက်ချင်လို့ ဂွင်ဖန်နေတာ မင်းစစ်တို့ အဲ့လောက် 'အ့' မနေဘူး ။

"ပြောစမ်းပါအုံး ဒါဘယ်အလေလိုက်ချင်လို့ ဥာဏ်ဆင်ပြန်တာလဲ"

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Where stories live. Discover now