31

25.5K 1.4K 41
                                    

Unicode






"မုန်းလို့!!!''

သူမ၏ မျက်ဝန်းတွေက တကယ်ကို အမုန်းတရားတွေနှင့် ပြည့်နှက်လျက် ။နှုတ်ခမ်းရဲရဲကို သွားဖြင့်ဖိကိုက်ထားလေသည် ။

"နောက်ပြီး ဦးခမ်းလျှံကိုလဲ ငါမုန်းတယ် သူ့ကြောင့်! သူ့ကြောင့်! ငါ့ရဲ့ကိုရှင်းက သေခဲ့ရတာ! အဲ့အတွက်သူ့မှာ ပြစ်ဒဏ်ခံယူသင့်တယ် ရှင်လျက်နဲ့ သေမလိုဖြစ်သွားအောင် ငါလုပ်ပစ်မှာ''

"သူ့ကိုရော...သူ့ သွေးသားကိုရော!''

"ဒီကိစ္စက မင်းစစ်နဲ့ဘာမှ မဆိုင်ဘူး''

"ငါ့အတွက်တော့ သိပ်ဆိုင်တာပေါ့ မင်းအဖေကို ထိခိုက်အောင်လုပ်တဲ့လူမှန်သမျှကို သိပ်မုန်းတဲ့ငါ့အတွက်တော့ မင်းစစ်ခမ်းလျှံရဲ့သားကိုတောင် ငါအလွတ်ပေးမှာ မဟုတ်ဘူး!''

"ခင်ဗျားရူးနေပြီ ဒေါ်ထိပ်ထားစံ!''

"ဟုတ်တယ် ငါရူးနေတာ ငါသွပ်သွပ်ခါအောင်ရူးနေတာ ဒါကြောင့် ငါ့ကိစ္စတွေမှာ နင်ဝင်မပါပါနဲ့ မာန်ဝဏ္ဏခြိန်း!''

"တော်လိုက်ပါတော့ ဖေဖေကလဲ ခင်ဗျားရဲ့အခုလို ပုံစံကိုသူမြင်ချင်မှာ မဟုတ်ဘူး ''

"ဟက်! သူကငါ့ကို အစောကြီးကထဲက မမြင်ခဲ့ဘူး မင်းဖေဖေက ငါ့ကိုမမြင်ခဲ့ပါဘူး ငါ့အချစ်တွေကိုရော မြင်ခဲ့ရင်တောင် မသိချင်ယောင်ဆောင်သွားခဲ့တာ ''

အချစ်နဲ့ပတ်သတ်လာရင် လူတွေက ရူးသွပ်သွားတတ်ကြပါသည် ။ သူမသည်လည်း အချစ်ကြောင့် ရူးမိုက်လျက် ငိုကြွေးနေခဲ့၏ ။

တစ်ဖက်သတ်အချစ်ဆိုတာကြီးကို သူမ သိပ်နားကျည်းမိသည် ။ အချိန်အကြာကြီး အနားမှာပေးဆပ်ခဲ့တာတောင် ချစ်ရသူက တစ်ခြားသူ၏ ရင်ခွင်မှာသာ ပျော်မိုက်နေပြီး သူ့အချစ်တွေကိုတော့ မမြင်ချင်ယောင်ဆောင်ကာ ဥပက္ခာပြုထားခဲ့၏။

"ဘာလို့လဲ ဘာလို့ငါ့ကို ပြန်မချစ်နိုင်ခဲ့ရတာလဲ ငါ့မှာဘာတွေလိုအပ်ချက်ရှိနေလို့လဲ ငါကသူ့လို မပြည့်စုံလို့လား အကိုရှင်းရယ် ၊ ငါကသူ့လောက် မချောမောလို့လား! ငါ့မှာဘာတွေများ လိုအပ်ချက်ရှိနေခဲ့လို့လဲ''

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Where stories live. Discover now