13

34.5K 1.8K 16
                                    

Unicode

Mature



ညတာက တော်တော်နှင့်ရှည်လှသည် ။ အချိန်အားဖြင့် ၁၂နာရီခန့်ရှိပြီ ။ မင်းစစ်မျက်ဝန်းညိုများက မှေးမှိတ်ထားပေမဲ့ သူအခုထိအိပ်မပျော်နိုင်သေးပေ ။ အိပ်နေရာက ထထိုင်လိုက်ပြီး ဘေးနားက အိပ်နေတဲ့ ခြိန်းကို ကြည့်လိုက်မိသည် ။

အချိန်ပြည့် တွန့်ကျိုးနေသည့် မျက်ခုံးပြင်က ယခုများတော့ ဖြောင့်တန်းပြေပြစ်နေပြန်သည် ။ ခပ်တင်းတင်းစေ့ပိတ်ထားတဲ့ နှုတ်ခမ်းထူတွေက ကွဲအက်နေတာမျိုးမဟုတ်ဘဲ နူးညံ့နေမလားလို့ မင်းစစ်တွေးမိပြန်သည် ။ နှုတ်ခမ်းကို လက်ချောင်းရှည်များနဲ့ တို့ထိကြည့်ရင်း မင်းစစ်စိတ်ထဲ အသဲတစ်ယားယားနှင့်ပေ ။

တစ်ခါတလေ သူ့ရဲ့အချစ်တွေကို ခြိန်းစီမှာ ဖွင့်ဟဝန်ခံချင်ပေမဲ့ တကယ်ဆို ခြိန်းသူစီမှာ မက်မောတာဆိုလို့ သူ့ရဲ့ပိုင်ဆိုင်မှုတွေဘဲ ရှိနေခဲ့သည်။ တကယ်လို့များ အဖြေက သူလိုချင်တဲ့အဖြေမျိုးမဟုတ်လာခဲ့ရင်ဆိုပြီး သူ့ဘက်ကကြိုတွေးစထားပေမဲ့ အတွေးနဲ့တင် သူ့ရင်ထဲက ပူလောင်မှုတွေက ရူးခါမတက်ပေ ။ မာန်ဝဏ္ဏခြိန်းဆိုတဲ့ လူဆိုးလေးကို သူသိပ်ချစ်မိခဲ့ပါသည် ။ ဘာလို့လည်း အကြောင်းပြချက်မျိုး မင်းစစ်ကိုယ်တိုင်တောင် အဖြေရှာမရဖြစ်နေခဲ့သည် ။ သူလိုအပ်နေတဲ့အချိန်မှာမှ ကူညီပေးခဲ့တာကြောင့်လား ။ ဒါမှမဟုတ် ခြိန်းရဲ့ စကားလုံးတွေမှာ သူပျော်ဝင်မိသွားတာလား ။ ဖြစ်နိုင်တာကတော့ ခြိန်းဖြစ်နေလို့ကို သူချစ်ရပါသည် ။

ခြိန်း ။ မင်းကလေ ငါ့အတွက်ဘာတွေများ အဲ့လောက်အရေးပါစေလာရတာလည်း ။ မင်းအနားမှာ ရှိနေမိတဲ့အချိန်တိုင်း ငါ့ကိုငါတောင် မထိန်းချုပ်နိုင်တော့ဘူး ။

ဆုံးရှုံးရမှာလည်း အရမ်းကြောက်လာပြန်တယ် ။ ထားခဲ့ခံရမှာလည်း တွေးပူနေမိတယ် ။ ဒါတွေက မင်းကိုချစ်မိလို့လား ခြိန်း ။

ငါ့ကို ပင်ပန်းအောင် သိပ်လုပ်တာဘဲ ခြိန်းရာ ။ ငါမေးရင် ငါ့ကိုငြင်းမှာလား ခြိန်း ။ ငါ့မှာ မင်းလိုချင်တဲ့အရာတွေ မရှိတော့ရင်ကော ငါ့အနားကထွက်သွားမှာဘဲလား ။ ငါတွေးပြီး ရင်မောနေမိတယ် ခြိန်းရယ် ။

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) On viuen les histories. Descobreix ara