40

28.1K 1.3K 47
                                    

Unicode





"အကို.....''

"ဘာလဲ ညီ''

"ကျွန်တော့်ကို အဖြေမပေးတော့ဘူးလားဗျာ''

"လောနေပြီလား ညီရ အကိုကမင်းကိုလေ့လာနေတုန်းဘဲလေကွာ''

"အကိုကလဲဗျာ ကျွန်တော်က အကို့အကြိုက်မဖြစ်သေးဘူးလား''

"မဟုတ်ပါဘူး ညီ့ပုံစံက ရိုးရိုးအေးအေးမို့လို့ အကိုကသဘောကျနေတာ''

"ဒါဆို ချစ်တယ်ပေါ့?''

"ဟမ်....မဟုတ်ဘူးလေ သဘောကျတယ်လို့ဘဲ ပြောတာလေကွာ ချစ်တယ်လို့ပြောတာမှ မဟုတ်တာ ''

လူလည်လုပ်ချင်နေသော ကောင်လေးမှာ တစ်ပတ်တောင်မပြည့်ပေဘူး ။ တောက်ပနေတဲ့ မျက်ဝန်းတွေက ချက်ချင်းပင်အရောင်မှိန်ကျသွားသည် ။ မျက်နှာလေးကပါ မဲ့ကျလာတော့၏ ။ ဝမ်းနည်းနေတဲ့ပုံစံဖမ်းရျ် စိုင်းထံအသနားခံနေရှာသည် ။ စိုင်းမှာတော့ သနားဖို့နေနေသာသာ ညီ့၏ မျက်နှာကိုကြည့်ပြီး ရယ်ချင်စိတ်ကို မနည်းထိန်းယူနေရသည် ။

"ဟာဗျာ....မသိဘူးဗျာ ချစ်တယ်လို့ အဖြေပေးတော့!''

"ဟားးးဟားးးး ညီပုံကလေ ရယ်ရတယ် ''

"ဘယ်မှာရယ်ရလို့လဲ အကိုရ''

"နှုတ်ခမ်းကြီးထော်နေတာ ဝက်ပေါက်လေးနဲ့တောင်တူနေပြီ ဟား.....ဟား....ဟား''

"ဟာ....အကိုဗျာ လူကိုလာလှောင်နေတယ်''

"မဟုတ်ပါဘူး ချစ်ဖို့ကောင်းလို့ပါကွာ''

"ချစ်ဖို့ကောင်းရင်လဲ ချစ်လိုက်လေအကိုရာ နော်....''

"ဒါကျအတတ်နော် ညီက''

"ချစ်လား''

"အင်း....ချစ်တယ် ညီ''

"တ....တကယ်နော်အကို ကျွန်တော့်ကို တကယ်ချစ်တယ်လို့ပြောလိုက်ပြီပေါ့''

"အင်းပါဆိုနေ မပြောနဲ့တော့ညီရာ''

"ဝမ်းသာလိုက်တာဗျာ....ချစ်တယ် ကိုကိုရာ''

ညီကအပျော်လွန်ကာ သူ့ကိုအတင်းဖက်ပစ်ထားသည် ။ ယောက်ျားချင်းပေမဲ့လည်း ချစ်သူတွေဖြစ်နေပြီမို့ စိုင်းအရှက်သည်းကာ မျက်နှာမှာ ပန်းရင့်ရောင်ပြောင်းနေတော့သည် ။ ညီနဲ့သူနဲ့က ခန္ဓာကိုယ်မှာ ရွယ်တူဖြစ်နေပြီး အရပ်ကလည်း မတိမ်းမယိမ်းပင် ။ ညီ့ကို ချစ်မိနေသလားဆိုသည်မှာ ညီနှင့်အတူရှိလျှင်သူပျော်သည် ။ ညီ့အပြုံးကိုမြင်လိုက်ရတိုင်း စိုင်း၏စိတ်ညစ်စရာတွေက ပျက်ပြယ်သွားတတ်သည် ။ ညီကသူ့အပေါ် နားလည်မှုအပြည့်နှင့် ချစ်လိမ့်မည်ဆိုတာလည်း မိမိယုံကြည်ပါသည် ။

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Where stories live. Discover now