24

29.9K 1.7K 74
                                    

Unicode




ဝေဝါးထိုင်းမှိုင်းနေတဲ့ အာရုံနဲ့အတူ တင်းကြပ်ကြပ်စီးနှောင်ခံထားရတာကြောင့် ဘုန်းပါဝါမပွင့်သေးသောမျက်လုံးများအား အားယူဖွင့်ဟနေမိသည် ။

ပွင့်သွားပြီဖြစ်သော မျက်ဝန်းတွေထဲဝင်လာတဲ့ မြင်ကွင်းက ရေအပြည့်ထည့်ထားသော ကန်ကြီးတစ်ခုသာ ။ ကန်ထဲမှာတော့ လှည့်ပတ်ရွေ့လျားနေသော အရာနှစ်ခု ။

ကြည့်နေရင်း မျက်လုံးပြူးကျယ်လာရသည် ။ ထိုကန်ထဲရှိ အရာနှစ်ခုမှာ တစ်ခြားမဟုတ် သားကောင်ကိုရက်ရက်စက်စက် သတ်ဖြတ်စားသောက်တတ်သော ငါးမန်းကောင်ကြီးတွေပင် ။ သူ့အောက် တစ်ဆယ်ပေအကွာမှာ ရှိနေသည့် ရေကန်ထဲက ငါးမန်းကြီးတွေက ဘုန်းပါဝါကို အိမ်မက်လား လက်တွေ့လား ဝေဝါးသွားစေသည် ။

ဒါဒါ တကယ့်ငါးမန်းကြီးတွေလား သူအိမ်မက်မက်နေခဲ့တာလား ။ အိမ်မက်ဆိုရင်လည်း အမြန်နိုးထလိုက်ပါတော့ ဒီကြောက်စရာသားရဲကောင်ကြီးတွေကို ကြည့်နေရတာ ထိတ်လန့်စရာအရမ်းကောင်းသည် ။

အလျင်အမြန်ဖြစ်ပျက်ခဲ့သော အတိတ်ကိုပြန်စဥ်းစားခန်းဝင်နေရတော့သည် ။ ထိုနေ့ ထိုနေ့က ဟိုကောင့်ကို သူသေနတ်နဲ့ပစ်သတ်လိုက်ပြီး သွေးရဲရဲနီကာ လဲကျနေသော မာန်ဝဏ္ဏခြိန်းအား မင်းစစ်ကပွေ့ပိုက်ပြီး တစ်ကြော်ကြော်အော်ခေါ်နေခဲ့သည် ။

ခေါ်မရတော့တဲ့အဆုံး စူးရဲနာကျည်းနေသော မျက်ဝန်းများနှင့် မင်းစစ်ကသူ့သေနတ်ကို ဆွဲထုတ်ကာ ဘုန်းပါဝါ၏ ညာဘတ်ရင်ဘတ်အား ပစ်လိုက်တာဖြစ်သည် ။ ဘုန်းပါဝါမှာ သေနတ်ဒဏ်ကြောင့် နာကျင်မှုအလူးအလဲနှင့် မြေကြီးပေါ်ကို ပစ်လဲကျသွားခဲ့သည် ။

ဒဏ်ရာနှင့်သတိမေ့ပြီး သတိရလာချိန်မှာတော့ သူ့ကို ဟိုကောင့်အား ချည်နှောင်ထားသကဲ့သို့ ပြန်ချည်နှောင်ခံထားရတာပင် ။ စူးရဲနေတဲ့ မျက်ဝန်းတွေနဲ့ မင်းစစ်က သူ့အား အံတကြိတ်ကြိတ် ထိုင်ကြည့်နေခဲ့ပြီး သတိရလာသော သူ့အား ပါးစောင်းကို အားပြင်းတဲ့ ရိုက်ချက်များနဲ့ အစားထိုးကြိုဆိုတော့သည် ။

"ငါမင်းနိုးမဲ့ အချိန်ထိစောင့်ပေးနေရတဲ့ ခြိန်းကိုပြုစုပေးရမဲ့ အချိန်တွေလျော့ကုန်ပြီ ပါဝါ "

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Where stories live. Discover now