23

29.4K 1.7K 61
                                    

Unicode





မင်းစစ်က စိုင်း၏အိမ်မှာ မြူကိုယ်တိုင်လုပ်ပေးသော အမြည်းနဲ့အရက်ကို တွဲဖောက်စားသောက်လို့ ဇိမ်ယူနေသည် ။ ရုတ်တရက် အိတ်ကပ်ထဲကဖုန်းမြည်းသံကြောင့် ဖုန်းအားပြန်ဖြေကြားလိုက်ချိန်မှာတော့.......

"ဘာပြောလိုက်တယ်!!! တောက်စ်! "

ရုတ်တရက်တစ်ဖက်က ပြောလာသည့်အကြောင်းအရင်းကြောင်း မင်းစစ်ကုဋေ၏ မျက်ဝန်းများမှာ ကျားရဲတစ်ကောင်လို နီရဲလာတော့သည် ။

"ဘာဖြစ်လို့လဲ မင်းစစ် "

"ဘုန်းပါဝါ!!! "

"ဘာဖြစ်တာလဲ မင်းစစ်ငါ့ကိုပြော "

"ခြိန်း.....ခြိန်းကိုအခုသူပြန်ပေးဆွဲထားတယ်တဲ့ "

"ဘာကွ! ဒီကောင်ဘာစောက်ရူးလာထနေတာလဲဟ! ပြန်ပေးဆွဲရအောင် ဇာတ်လမ်းရိုက်နေတယ်များထင်နေလား ဒီကောင် "

"စိုင်း ငါ ငါသွားမှဖြစ်မယ် "

"ငါရော လိုက်မယ် မင်းစစ် "

"ဟင့်အင်း သူကငါ့ကိုတစ်ယောက်ထဲ လာခဲ့ဖို့ပြောတာ လူပိုပါလာရင် ခြိန်းအလောင်းကိုဘဲ ပြမယ်တဲ့ "

ပြောပြီး အပြေးလှည့်ထွက်ဖို့ ပြင်နေသောမင်းစစ်အား စိုင်းပုခုံးကို လှမ်းကိုင်ထားလိုက်သည် ။ ဘုန်းပါဝါဆိုတဲ့ကောင်က ဘာတွေ ကောက်ကျစ်မလည်း မပြောနိုင် ။ မင်းစစ်ရောက်သွားခဲ့ရင်တောင် ခြိန်းကအမှန်တကယ် အသတ်ခံရဖို့ ရာခိုင်နှုန်းများသည် ။

"ဒီမှာ မင်းစစ် အဲ့ကောင် မင်းလာရင်ခြိန်းကိုမသတ်ဘူးဆိုတာ မင်းယုံနေတာလား ဒီကောင့်အကြောင်း မင်းမသိ....."

"သတ်ပစ်မှာ!!! "

အံကိုတင်းနေအောင်ကြိတ်ပြီး ပြောနေတဲ့ မင်းစစ်ကြောင့် စိုင်း၏ စကားများမှာ လည်ချောင်းထဲမှာတင် တစ်နေတော့သည် ။ နီရဲခပ်ထန်နေသော မျက်နှာကြောနဲ့ အေးခဲနေသည့် မျက်ဝန်ညိုတွေဟာ စိတ်တိုနေသည့်ကြားက တစ်စုံတစ်ယောက်ကို စိတ်ပူနေသယောင် ။

"ခြိန်းရဲ့ ဆံပင်တစ်ချောင်းကိုတောင်ထိခွင့်မပြုဘူး ထိရင်လဲ ငါကိုယ်တိုင် သတ်ပစ်မယ်!!! "

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Where stories live. Discover now