21

29.6K 1.6K 34
                                    

Unicode




"ကိုမာန် လာပြီလား "

မင်းစစ်အဖိုးကြီးရဲ့ အစီအစဉ်ကြောင့် ခြိန်းမှာ သုဝဒီ၏ မွေးနေ့ပွဲကို ကြိုရောက်နေရသည် ။ ဟိုလူကတော့ လက်ဆောင်ပြင်စရာရှိသေးလို့နောက်မှ လိုက်လာခဲ့မယ်တဲ့ ။ သူ့မှာတော့ မွေးနေ့ရှင်ရဲ့ အာရုံစားခြင်းကို ခံရပေအုံးမည် ။ တွေးရင်းတောင် စိတ်ရှုပ်လာရ၏ ။

အခုလည်း လူကိုလက်အတင်းချိတ်ပြီး ကပ်တွယ်လွန်းနေပြန်သည် ။ တွန်းထုတ်လိုက်ချင်ပေမဲ့ လူတွေနဲ့မို့ မလုပ်ချင်ပေ ။

"သုအတွက် လက်ဆောင်"

"အို့! ကိုမာန်ပေးတာဆိုတော့ တို့သေချာလေး တန်ဖိုးထားရမှာပေါ့ "

"ကိုယ်ပေးတာ မင်းအခုသုံးနေတာတွေလောက် တန်ဖိုးမရှိပါဘူး "

"ဒါပေမဲ့ တို့ကြိုက်တယ်လေ "

"အင်း မင်းကြိုက်တော့ ကောင်းပါတယ် "

"ကိုမင်းစစ်ရောက်လာပြီလား "

သုဝဒီနဲ့ စကားပြောနေတုန်း ဟိုလူ့ရဲ့ နာမည်ကိုကြားလိုက်တာကြောင့် လှည့်ကြည့်မိသည် ။ မွေးနေ့ပွဲကိုလာတဲ့ မင်းစစ်က လုံးဝကို ကျော့မော့ခန့်ညားနေပြီး အားလုံးအမြင်မှာ ထင်းကတည်းဖြစ်နေသည် ။ ခြိန်းမှာလည်း ဘေးကိုတောင် မေ့လို့ မင်းစစ်ကိုသာ ငေးနေမိသည် ။

မင်းစစ်ကလည်း သူ့အားကြည့်လို့ လှောင်ပြုံးပြုံးပြနေသယောင် ။  ခြိန်း ထိုလူ့၏ ဘေးကိုကြည့်မိတော့ စိုင်းတခေတ်ဆိုတဲ့ကောင်ရော ပါလာတာဖြစ်သည် ။ ခြိန်း၏ နားထင်ကြောများမှာ ထင်းထလာချေပြီ ။

ဒီလူ အဲ့ကောင်နဲ့အတူလာတာလား ။ သူ့ရဲ့ မနာလိုစိတ်များကြောင့်ရော ဒေါသတွေကြောင့်ပါ မျက်လုံးများ နီရဲလာတော့သည် ။

"ကိုမာန် သူတို့နှစ်ယောက်က ဘာတွေလဲ မသိဘူးနော် အမြဲတစ်ပူးပူးနဲ့ "

"ဘာ! "

"ဟုတ်တယ် ကိုမာန်ရဲ့ သုဟိုတစ်နေ့က သူငယ်ချင်းတွေနဲ့ စားသောက်ဆိုင်ထိုင်နေတုန်းကလဲ သူတို့ VIP ခန်းထဲဝင်သွားတာ တွေ့လိုက်သေးတယ် အဟင်း! "

သူပြောတာကို ကိုမာန်ယုံသွားပုံပေါ်သည် လက်သီးတောင် ဆုပ်ထားပြီး မျက်ခုံးတွေပင် တွန့်ကျိုးနေတော့ သည် ။ ဟက်! လွယ်လိုက်တာ ။

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Where stories live. Discover now