43

28.3K 1.5K 30
                                    

Unicode




နှစ်နှစ်ခန့်ကြာပြီးနောက်...

"Boss... မင်္ဂလာပါ ''

"မင်္ဂလာပါ boss ''

"အင်း...''

စမတ်ကျနေစဲဖြစ်တဲ့ သူဌေးရဲ့ ဟန်ပန်တို့က အရင်ကလောက်တော့ မတောက်ပတော့ချေ ရွှင်ပြနေသောမျက်နှာအစား တည်တင်းနေသောမျက်နှာအဖြစ် အစားထိုးထားသည်မှာ လွန်ခဲ့သောတစ်နှစ်ကျော်လောက်ကတည်းကပင် ။ လူတစ်ယောက်ကြောင့် သူတို့သူဌေးက ကိုယ့်ဘဝကိုယ်အလင်းမဲ့စေခဲ့၏ ။ အရက်သမားဘဝနဲ့ နေခဲ့တဲ့အချိန်အတော်ကြာတော့ ကျန်းမာရေးပင် အတော်လေးထိခိုက်သွားသည်အထိ သူဌေး၏အဖေဆေးရုံက ဆင်းအပြီးမကြာပါ သူဌေးက ဆေးရုံတက်ခဲ့ရပြန်သည် ။ စီးပွားရေးအခြေအနေလည်း အတော်လေးကျဆင်းခဲ့ရပြီး အခုမှသူဌေးပြန်လည် ကြိုးစားထူထောင်ထားခဲ့ရတာဖြစ်၏ ။

"မင်းစစ်''

"ပြော... စိုင်း ၊ မင်းဘယ်ချိန်တုန်းကရောက်နေတာလဲ''

"ဒီလိုပဲ မင်းအခြေအနေလာရှိုးတာ ဘယ်နှယ့်လဲ အဆင်ပြေတယ်မလား''

"အင်း...ပြေတယ်လို့ဘဲ ညာရမှာဘဲ ၊ လွမ်းတာတော့ မပျောက်သေးဘူး ငါ့ကိုဘဲပြောမနေနဲ့ မင်းကော မြူဒေါင်းကိုရှာတွေ့ပြီလား''

"ဟင်း...! မတွေ့ပါဘူးကွာ သူတို့တွေက အပုန်းတော့ တော်သားကွ မင်းလူရော ၊ မြူဒေါင်းရော!''

"အဟင်း! ဟုတ်မှာပါ ''

"ဒါနဲ့ မင်းရဲ့ ရှယ်ယာဝင်တစ်ချို့ သူတို့ ရှယ်ယာတွေကို ရောင်းပစ်လိုက်ပြီဆို''

"အင်း ဟုတ်တယ် နိုင်ငံခြားကုမ္ဗဏီတစ်ခုကို ရောင်းပစ်လိုက်ကြတာတဲ့ အဲ့ကုမ္ဗဏီကအခု မြန်မာပြည်မှာ စီးပွားရေးချဲ့ထွင်မယ်လို့ကြားတယ် ဒီနေ့အဲ့က ceoဒီကို လာလေ့လာမှာတဲ့လေ ငါစောင့်နေတာ''

"ပျင်းစရာကြီးပါကွာ!''

စိုင်း သန်းဝေပြကာ TVကို ဖွင့်ကြည့်လိုက်တော့သည် ။ မင်းစစ်ကတော့ အလုပ်ထဲမှာ အာရုံစိုက်နေလိုက်၏ ။ သတင်း channel တစ်ခုကိုဖွင့်ထားပြီး သတင်းတစ်ခုက...

"အခုဖော်ပြမယ်သတင်းကတော့ စီးပွားရေးလောကရဲ့ Top 10စာရင်းဝင် ဦးဟန်စိုးထွဋ်၏ သားအရင်းဖြစ်သူအကြောင်းဘဲ ဖြစ်ပါတယ်ရှင့်''

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Where stories live. Discover now