33

24.7K 1.3K 31
                                    

Unicode




ခြိန်းတစ်ယောက် မင်းစစ်အိမ်ကထွက်လာခဲ့ရာ မောပန်းသောစိတ်အရိုင်းနယ်ကြောင့် ရင်ဖွင့်လို့ရနိုင်မည့် လူတစ်ယောက်စီသွားဖြစ်သည် ။ ထိုသူက တစ်ခြားတော့မဟုတ် သူ့အားမောင်လေးတစ်ယောက်လို စောင့်ရှောက်ပေးခဲ့သော မနွေရည်ဖြိုးသာဖြစ်သည် ။

စိတ်ပြေလက်ပျောက်ဖြစ်ဖို့လိုလာတာကြောင့် မနွေထံသူရင်ဖွင့်ဖို့လိုနေပြီ ။ သူမနဲ့လည်း မတွေ့ရတာအတော်လေးကြာနေပြီမို့ အခုများမှသွားရန် စိတ်ကူးပေါက်သွားတာဖြစ်၏ ။

"မနွေ.....ကျွန်တော် လာတယ်''

အိမ်ထဲသို့ အသံပေးခါဝင်လာခဲ့ပြီး မနွေကိုရှာပေမဲ့ အရိပ်တောင်မမြင်မိပေ ။ အပြင်သွားတယ်ပြောရအောင်ကလည်း တံခါးကသော့မခတ်ထားတာမို့ မဖြစ်နိုင်ပါ ။

"မနွေ!!!''

မီးဖိုးခန်းကို ဝင်ကြည့်မိချိန်တွင် လဲကျနေသော မနွေက စားပွဲခုံ၏ဘေးတွင် သတိလစ်မေ့မျောနေသည် ။ အမောတကောပြေးပွေ့လိုက်ပြီး ဆေးရုံကိုသာ အမြန်ပို့ရတော့သည် ။

တစ်ခြားသူတွေအပေါ် ဂရုမစိုက်တတ်ပေမဲ့ ခြိန်းဟာသူချစ်ခင်ရသူတွေအပေါ်တော့ အတော်လေး ဂရုစိုက်ပြီးစိတ်ပူပေးတတ်သည် ။ အခုလည်း သတိမရသေးသော မနွေကြောင့် သူအတော်လေးစိတ်ပူနေရသည် ။ အစကတည်းကမှ တုန်ယင်နေတဲ့လက်တွေမှာ အခုတော့ချွေးတွေနှင့် နစ်နေတော့၏ ။

ဆေးရုံသို့ရောက်သောအခါ ဆရာဝန်များကသေချာလေး စစ်ဆေးကုသပေးနေပေမဲ့လည်း သူကတော့အရေးပေါ်အခန်း၏အပြင်ဋ်သာ ကျန်ခဲ့ရသည် ။ အခုချိန်မှာ ခြိန်းမဟုတ်သော အခြားလူသာဆို စိတ်ညစ်လွန်းရျ် သွပ်သွပ်ခါရူးနှမ်းသွားလိမ့်မည် ။ ခြိန်းဖြစ်နေလို့သာ ထိုအခြေနေတို့အား တောင့်ခံထားနိုင်သည် ထင်ပါ၏ ။

"ဒီကမောင်ရင်က.... လူနာရှင်လာကွဲ့''

ခဏအကြာတော့ ဆရာဝန်ကြီး ပြန်ထွက်လာပြီး သူ့ကိုမေးတော့ သူအမြန်ပင်ခေါင်းညိတ်ဖြေပေးလိုက်တော့၏ ။

"ဟုတ်ကဲ့ ကျွန်တော်က လူနာရှင်ပါ doctor ၊ သူ့အခြေနေလေး ဘယ်လိုရှိလဲဗျ''

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Where stories live. Discover now