Extra 2

36.1K 1.2K 18
                                    

Unicode



"ခြိန်း.....''

"ကိုကို... ပြန်လာပြီလား ''

အပြင်က ပြန်လာတဲ့ သူ့ကို အလုပ်ထဲအာရုံစိုက်နေတဲ့ခြိန်းက ပြုံးပြနှုတ်ဆက်လာသည် ။ ခြိန်းကအရင်ကနဲ့မတူ အလုပ်ကိုဘဲ အာရုံစိုက်လွန်းနေ၏ ။ အခုတလော ခြိန်းနဲ့ သုဝဒီတို့ရဲ့သတင်းက အင်တာနက်မှာ အတော်လေးပြန့်နှံ့နေသည် ။ မင်းစစ်မေးချင်ပေမဲ့ ခြိန်းကသူ့ကိုမယုံဘူးထင်မှာဆိုးရျ် မမေးဖြစ် ။

အခုရက်ပိုင်းအတွင်းကို ခြိန်းက သူ့အပေါ်မှာ ဂရုမစိုက်တော့သလိုခံစားမိလာရသည် ။ အိမ်အပြန်လည်း ခဏခဏနောက်ကျတတ်သလို အိမ်မှာနေတော့လည်း သူ့အလုပ်အခန်းထဲမှာသာ အချိန်ကုန်တတ်၏ ။ တစ်ခါတလေ အိမ်ကိုညနက်မှပြန်လာတတ်ပြီး ကိုယ်ပေါ်မှာလည်း အရက်နံ့ ၊ မိန်းမရေမွှေးနံ့တွေလည်း ကပ်ပါလာတတ်သေးသည် ။

အခုလည်း သူ့ကိုတစ်ချက်မျှကြည့်ပြီး လက်တော့ပ်ကိုသာ ပြန်ကြည့်နေပြန်သည် ။ မင်းစစ်စိတ်ထဲ နည်းနည်းတော့ ဝမ်းနည်းမိသည် ။ ခြိန်းသူ့ကိုများ စိတ်ကုန် ၊ စိတ်ပျက်လာပြီလား ။ သူကအရင်လို ခြိန်းအတွက် ရင်ခုန်စရာမကောင်းတော့ဘူးလား ။ ချစ်သူသက်တမ်း ၃နှစ်ကျော်အတွင်းမှာ ခြိန်း၏ ရိုးအီခြင်းတွေကို သူခံစားရတော့မည်ထင်သည် ။ အသစ်မြင်အဟောင်းမေ့ ဆိုတဲ့အတိုင်း မင်းစစ်ခြိန်း၏ စွန့်ပစ်တာကိုတော့ မခံချင်ပါ ။

"မောင်.....''

"ပြောလေ...ကိုကို''

"ငါတို့ အရင်လိုလဲ စကားတွေမပြောဖြစ်ကြတော့ဘူးနော်''

"အင်း....ကိုယ်မအားလို့''

"ငါ...ငါသိပါတယ် မောင်ရ ဟိုလေမောင် သုဝဒီနဲ့မောင်က....''

"မင်းစစ်!!!''

"............''

"ဘာလဲ ခင်ဗျားကအခု ကျုပ်ကို သံသယတွေ ဝင်နေတာလား!''

"မဟုတ်ပါဘူး ငါက ဒီအတိုင်းဘဲမေးလိုက်တာပါ မင်းမဖြေချင်လဲ မဖြေနဲ့ခြိန်း ငါအိပ်တော့မယ် မင်းလဲစောစောနား''

"Sorry....sorry ကိုကိုရာ မောင်အလုပ်ဖိအားများလို့ စိတ်ညစ်နေတာနဲ့ ကိုကို့ကို အော်မိသွားတာပါ''

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Where stories live. Discover now