4

47.2K 2.5K 16
                                    

Unicode

.


မင်းစစ် စိုင်းတခေတ်စီကအပြန် ကွန်ဒိုတိုက်ခန်းစီသာ ပြန်လာခဲ့သည်။ တိုက်ခန်း ဝင်ဝင်ချင်း မှောင်မဲနေတာကြောင့် မီးခလုတ်ဖွင့်လိုက်မိ၏။ ဆိုဖာပေါ်မှာ ခြေချိတ်ထိုက်လျက် သူ့ကို မျက်တောင့်နီကြီးများနဲ့ စူးရဲစွာ ကြည့်နေသော မာန်ဝဏ္ဏခြိန်းကြောင့် မင်းစစ် အနည်းငယ် ထိတ်လန့်မိသွားရသည်။

"ခြိန်း! မင်းကလဲကွာ ရောက်နေရင် မီးလေးဘာလေးတော့ ဖွင့်ထားပေါ့ကွ လန့်တောင်လန့်တယ် "

"ခင်ဗျား ဘယ်ကောင့်! စီကပြန်လာတာလဲ"

"သူငယ်ချင်းနဲ့ နေ့လည်စာစားပြီး ပြန်လာတာလေ ဘာဖြစ်လို့လဲ "

"အဟက်! စောက်ရှက်ကို မရှိဘူး"

"ဘာကွ! ခြိန်း! မင်းဘာပြောတာလဲ ပြန်ပြောစမ်း"

"စားသောက်ဆိုင်မှာ ယောက်ျားတစ်ယောက်နဲ့ ပလူးနေတာ စောက်ရှက်ကို မရှိဘူးလို့ ပြောတာ ဘာဖြစ်လဲ"

"မင်း!! "

ခွပ်....

"အ့..."

"မင်း! ငါ့သိက္ခာကို မစော်ကားနဲ့ ခြိန်း! မင်းကရော ဘာတွေများ ကြီးကျယ်ခမ်းနားနေလို့လဲ လူတကာကို မျက်နှာဗန်းပြပြီး လိုက်ချူစားနေတဲ့ ကောင်ကများ"

"ဘာ! မင်းစစ်ကုဋေ ခင်ဗျား!! တောက်စ်!!"

ခြိန်း ဒေါသထွက်စွာနဲ့ ဘေးနားကခုံကို စောင့်ကန်ပစ်သည်။ မင်းစစ်ကလဲ စိတ်မလျှော့ပါ။ ဘယ်သူမှာလဲ ကိုယ်တိုင်ဘဲ သိနေမှာမို့။

"ကျုပ်သွားတော့မယ်"

"ဘယ်လဲ!"

"စောင့်မနေနဲ့ ပြန်မလာဘူး!"

"ဘာကွ! မာန်းဝဏ္ဏခြိန်း မင်းအခုချက်ချင်း ရပ်လိုက်"

ခြိန်းက ဂရုမစိုက်ဘဲ အပြင်ကိုဆက်ပြီး လှမ်းသည်။ တကယ်ဆို သူတို့နှစ်ယောက်ကြားမှာ စာချုပ်တစ်ခုကလွဲရင် ဘာပတ်သတ်မှုမှ ရှိမနေ။ ဒါပေမဲ့ ခြိန်း သူ့ကို တစ်ခြားတစ်ယောက်နဲ့ မြင်ရတိုင်း စိတ်ထဲဘဝင်မကျဖြစ်ရ၏။ မင်းစစ်ကုဋေဆိုတာ သူ့ကိုဘဲကြည့်ရမယ် သူ့ကိုဘဲ မြင်နေရမယ်လို့ ခြိန်းခေါင်းထဲ ရိုက်သွင်းထားမိသည်။ ထိုလူကို ချစ်သလားဆို မဟုတ်ပါ နောက်ခံရှိလို့ ကပ်တွယ်ချင်သည့် စိတ်တစ်ခုသာ ရှိပါသည်။ သို့ပေမဲ့ ဒီလူစီက သူအပေါ်မှာ အထင်သေးတဲ့စကားတွေ ပြောလာရင် ခြိန်းသည်းမခံနိုင်ဖြစ်ရသည်။ ဘာများကြောင့်ပါလိမ့်

𝙈𝙮 𝙝𝙪𝙨𝙗𝙖𝙣𝙙 𝙞𝙨 𝙫𝙚𝙧𝙮 𝙢𝙚𝙖𝙣 𝙩𝙤 𝙢𝙚 (Complete) Where stories live. Discover now